Chapter 9

68 18 3
                                    

ကျိုးရိုက ခြေထောက်ဆေးတဲ့ ရေဘုံဘိုင်ဆီကို အပြေးအလွှားသွားပြီး ခြေအမြန်ထိုးခံလိုက်တယ်...

သူ့ဘောင်းဘီအောက်စ အစွန်းတွေကို ရေနဲ့ဆေးချရတယ်...

အပေါ့သွားပြီးသွားတဲ့ ထုံထုံက ဇစ်ပြန်ဆွဲလိုက်ပြီး ကျိုးရိုကို မတ်တပ်ရပ်ကြည့်နေလိုက်တယ်၊ ကျိုးရိုကို ပန်းလိုက်ပြီးမှ သူ နည်းနည်းတော့ ရှက်သွားတယ်...

ကျိုးရိုက မျက်နှာအိုကြီးနဲ့ မလှုပ်မယှက် ခြေတဖက်ထိုးပြီး ဆေးနေတယ်...

ခဏကြာတော့ ထုံထုံက ကျိုးရိုနား ဖြည်းဖြည်းချင်း ကပ်လာတယ် "မင်းမှာအသန့်ကြိုက်‌ရောဂါ ရှိတာလား?"

ကျိုးရိုကသူ့ကို ဘာလားဆိုတဲ့အကြည့်ပေးလိုက်ပြီး သူ့ခြေထောက်ပြန်ငုံ့ကြည့်တယ် "ငါ့မှာ အသန့်ကြိုက်ရောဂါရှိရှိ၊ မရှိရှိ မင်းက ငါ့ခြေထောက်ပေါ် သေးပန်းသွားတာလေ၊ မဟုတ်ဘူးလား?"

"မင်းကို ပိတ်ရပ်မနေနဲ့လို့ ငါပြောသားပဲ" ထုံထုံက ကျိုးရို တကယ်ဒေါသထွက်သွားပြီလို့ ထင်လိုက်တယ် "ငါ တမင်လုပ်တာ မဟုတ်ဘူး"

"ငါအခု တော်တော်လေး သနားစရာကောင်းနေပြီ" ကျိုးရိုက အဆင်မပြေနဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဘောင်းဘီက ရေတွေကို ခြေထောက်ရမ်းပြီး ခါလိုက်တယ်...

"အဲ့တာ..."

"ငါတို့ ကြေပြီ" ကျိုးရိုက ခါးနည်းနည်းကိုင်းလိုက်ပြီး ထုံထုံ့မျက်နှာနဲ့ သူ့မျက်နှာ တတန်းတည်းထားလိုက်ရင်း ပြုံးပြတယ် "မင်းငါ့ကို စိတ်ဆိုးမနေနဲ့တော့.."

ထုံထုံလည်း အံ့ဩသွားပြီး စကားထစ်သွားတယ် "ငါ.. ငါ မင်းကို စိတ်မဆိုးပါဘူး"

"ဘာပဲဖြစ်ဖြစ်.. ငါ့ကို စကားမပြောဘဲ ပစ်မထားနဲ့" ကျိုးရိုက ဘာမှမဖြစ်ခဲ့သလိုနဲ့ သန့်စင်ခန်းထဲက ထွက်သွားဖို့ပြင်တယ်၊ သန့်စင်ခန်း၀လည်းရောက်ရော သူက ထုံထုံ့ကို နောက်လှည့်ပြုံးပြလိုက်ပြီး ပြောတယ် "ငါ မင်းဖို့ ရှူးမိုင်(ဖက်ထုပ်*)နှစ်ခု ၀ယ်ပေးထားတယ်"

ထုံထုံလည်း အတန်းကိုပြန်လာရင်း သူ့စားပွဲနဲ့ ကျိုးရိုစားပွဲမှာ စားစရာတွေပြန့်ကျဲနေတာမြင်ရော လန့်သွားတယ်... ကျိုးရိုက သူ့ဖို့ ဖက်ထုပ်နွေးနွေးနှစ်ခု ၀ယ်လာတာပဲမဟုတ်ဘူး၊ သူ့ကိုယ်သူဖို့ ပေါက်စီငါးလုံးရယ်၊ အမဲခေါက်ဆွဲတပွဲရယ်၊ သိုးသားစွပ်ပြုတ်တပွဲရယ်ပါ ၀ယ်လာသေးတယ်...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now