Chapter 7

83 19 3
                                    

အတန်းပြင်ကလူတွေရော အတန်းထဲကလူတွေရော ဘာတွေဆက်ဖြစ်မလဲ တွေးနေကြတယ်..

ထုံထုံ့ အသက်ရှူသံက တဖြည်းဖြည်းပြင်းလာပြီး ကျိုးရိုသူ့ကို အတင်းဖက်နမ်းမှာ ကြောက်နေမိတယ်..

ဒီလိုနဲ့ သူက စိတ်လှုပ်ရှားရင်း ကျိုးရိုခြေထောက်ကို တက်နင်းလိုက်တယ်..

ကျိုးရိုက မယုံနိုင်တဲ့အကြည့်လေးနဲ့ ခြေနှစ်လမ်း၊ သုံးလမ်းဆုတ်သွားပေမဲ့ လက်ထဲက ပေါက်စီကတော့ လွတ်ကျမသွားဘူး...

"ဘာတွေ?" ‌လီလောင်ရှီးက မျက်မှောင်ကြုတ်ရင်း "ထုံထုံ မင်း ငါပြောတာ နားမထောင်ဘူးလား? ခုပဲ ကျောင်းသားသစ်ကို အနိုင်မကျင့်ဖို့ပြောတယ်၊ အဲ့တာကို မင်းက ခုပဲ သူ့ခြေထောက်ကို တက်နင်းလိုက်တယ်? အရင်နှစ်က ကျောင်းသားတယောက်ကို မင်း စင်ပေါ်မှာ ရိုက်လိုက်တဲ့ကိစ္စကိုလည်း ငါမရှင်းရသေးဘူး"

ထုံထုံက သူ့ကိစ္စ တကျော့လည်လာတော့ ချက်ချင်းတိတ်သွားတယ်..

လီလောင်ရှီးက သူ့ကို စိုက်ကြည့်ပြီး ပြောတယ် "လောင်ရှီး မင်းကို အခွင့်ရေးတခုပေးမယ်"

ထုံထုံက မတ်မတ်ရပ်လိုက်ရင်း "အမိန့်ရှိပါ!"

"ဟုတ်ပြီ၊ မင်း ကျိုးရိုနဲ့ တခုံတည်းထိုင်ရမယ်၊ သူ့ကို အတန်းနဲ့နေသားကျအောင် ကူပေးလိုက်၊ သူ့ကို ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးနဲ့ ဂရုစိုက်ရမယ်!" လီလောင်ရှီးကတော့ ကျမ်းကျိန်သလိုကို ပြောနေတယ်..

ထုံထုံ "......"

သေလိုက်ပါတော့ကွာ..

လီလောင်ရှီးက သူ့ကို လက်ယက်ပြလိုက်ရင်း "အိုကေ၊ ထိုင်တော့၊ ကျောင်းစဖွင့်ချင်း သွေးသံရဲရဲတွေ မမြင်ချင်ဘူး"

စာသင်နှစ်အစမှာ ကျောင်းသားတိုင်းက ကိုယ်ကြိုက်တဲ့ခုံမှာ ထိုင်ကြတယ်..

ကျိုးရိုက နောက်ဆုံးတန်းခပ်ကျကျမှာ နေရာယူတယ်၊ ပြီးတော့ ထုံထုံ့ကို ပြုံးပြုံးလေးနဲ့ လက်ယက် လှမ်းခေါ်တယ်၊ ဒီကောင် အာဃာတလည်းမရှိ ဘာမရှိနဲ့...

ထုံထုံလည်း ကြောင်နေပြီး ရပ်နေမိတယ်၊ ဘာဆက်ဖြစ်မယ် သူမသိဘူး၊ သရဲတွေ အယူသီးတာတွေလည်း မယုံဘူး...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now