Chapter 14

41 9 5
                                    

နှစ်ယောက်သားက တပြိုင်တည်း ပြောလိုက်ကြပြီး မသိရင် မျက်ခွက်ပြောင်နေကြသလိုပဲ...

မောင်းလောင်ရှီးရဲ့မျက်နှာက အီးစားလိုက်ရသလိုဖြစ်သွားပြီး တတန်းလုံးလည်း ဘာသံမှ မထွက်ရဲဘဲ ငြိမ်ကျသွားတယ်...

"လောင်ရှီး၊ ကျွန်တော်တို့ အခု ထိုင်လို့ရပြီလား?" ကျိုးရိုက ဘာမှ ဂရုမစိုက်သလို မျက်နှာထားနဲ့ ပြုံးလိုက်ပြီး ပြောတယ်..

"...ထိုင်လို့ရပြီ" မောင်းလောင်ရှီးက မနည်း စိတ်လျှော့လိုက်ရတယ်...

ကျိုးရိုက ခုံပေါ်ထိုင်လိုက်ပြီး သူ့လက်ထဲက ထုံထုံ့ရဲ့ ခြေထောက်တွေကို ဘေးက ထုံထုံ့ခုံပေါ် ဂရုတစိုက်နဲ့ နေရာချပေးလိုက်တယ်..

ထိုင်ခုံနဲ့ ရှေ့နဲ့နောက် နေရာလွတ်က အရမ်းမကျယ်ဘူး၊ လူတယောက်စာ ကောင်းကောင်း ထိုင်နိုင်တယ် ဆိုရုံလောက်ပဲ...

ဒါပေမဲ့ နှစ်ယောက်သားက ဖက်ထားတဲ့ အနေအထားကြီးနဲ့ဆိုတော့ ကျိုးရိုရဲ့ ပေါင်ပေါ်ကိုပဲ ထုံထုံက တိုက်ရိုက်ကြီး ထိုင်‌နေရတယ်၊ သူတို့ရဲ့ အပေါ်ပိုင်းတွေကတော့ လုံး၀ တင်းတင်းကြပ်ကြပ် ပူးပူးကပ်ကပ်နဲ့...

"ခြေထောက် အဆင်ပြေတယ်မလား" ကျိုးရိုက ခေါင်းငုံ့လိုက်ရင်း တိုးတိုးမေးတယ်..

သူ့ရဲ့ လေသံနွေးနွေးက ထုံထုံ့နားရွက်ပေါ်ကျသွားပြီး နားဖျားတွေ ရဲတက်သွားတယ်...

"အရမ်း ကပ်မလာနဲ့" ထုံထုံက ကျိုးရိုကို ရသလောက်တွန်းရင်း စာအုပ်ကိုပဲ စိုက်ကြည့်နေပြီး သူ့ဘာသာ စားပွဲပေါ်မှီနေဖို့ ကြိုးစားတယ်...

မောင်းလောင်ရှီးက သင်္ချာသင်တယ်၊ စာနားထောင်နေရင်း တအောင့်လောက်ကြာလာတော့ ကျိုးရို စိတ်သိပ်မရှည်တော့ဘူး...

စာသင်တာ မဆိုးပါဘူး၊ ဒါပေမဲ့ ခပ်ရိုးရိုးကြီး ပျင်းဖို့ကောင်းတယ်...

ဒီလိုနဲ့ သုံးမိနစ်တောင် မခံလိုက်ဘူး...

ကျိုးရိုက ထုံထုံ့ပုခုံးပေါ် ပျင်းပျင်းရိရိနဲ့ မေးတင်လိုက်ရင်း သူ့လက်တွေကို ဖြည်းဖြည်းချင်း ထုံထုံ့ခါးပေါ် နေရာချလိုက်တယ်...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now