Chapter 4

85 25 3
                                    

တံခါးက ပိတ်သွားပြီး ထုံထုံက အသက်ခပ်ပြင်းပြင်းရှုလိုက်ရင်း ထွက်သွားဖို့လုပ်လိုက်တယ်..

သူ့နောက်မှာ ရှိတဲ့တံခါးက ပြန်ပွင့်လာတယ်။

"ဟေး၊ မျက်လုံးဝိုင်း..လေး..လား?" ကျိုးရိုရဲ့အသံက တုံ့ဆိုင်းဆိုင်းနဲ့ ထွက်လာတယ်။

ထုံထုံ့မျက်နှာက မဲမှောင်သွားပြီး အဲ့မိန်းမဆန်တဲ့နာမည်ကို ထပ်ကြားတော့ သူက ပြန်ရပ်ကြည့်လိုက်တယ်..

ကျိုးရိုက သူ့ဆီလျှောက်လာပြီး သူ့ရှေ့ရပ်တယ်၊ မျက်လုံးဝိုင်းလေးဆိုတာ သေချာသွားတဲ့ နောက်မှာတော့ သူက အံ့ဩသင့်သွားတဲ့ပုံနဲ့ "မျက်လုံးဝိုင်းလေး! ဘာလို့ ဒီရောက်နေရတာလဲ?"

ထုံထုံက ရုပ်တည်ကြီးနဲ့ သူ့ဘာသာ ပြန်မိတ်ဆက်လိုက်တယ် "ငါ့နာမည် ထုံထုံ"

ကျိုးရိုက ဒါလည်းကြားပြီးရော ခဏတွေးလိုက်ပြီး "မင်းရဲ့ အိမ်နာမည်လား"

ထုံထုံ " ...ငါ့နာမည် အရင်း"

"မင်း နာမည်က တော်တော်ချစ်ဖို့ကောင်းတာပဲ" ကျိုးရိုက ပြုံးလိုက်ပြီး "ငါ့နာမည်ကို မှတ်မိသေးတယ်မလား?"

ထုံထုံက ဒီကောင် ဘာတွေလာတက်ကြွနေတယ်မသိဘူးလို့ တွေးလိုက်တယ်၊ ရန်ဖြစ်ထားတာမှ မကြာသေးဘူး..

ဒါပေမဲ့ ထုံထုံက ကျိုးရိုရဲ့ အပြုံးကနေ သွားဖွေးဖွေးလေးတွေကို မြင်လိုက်တော့ သက်ပြင်းချလိုက်ရင်း "... ကျိုးရို"

"ဟုတ်တယ်!" ကျိုးရိုက လက်ဖြောက်တီးလိုက်ပြီး ပြောတယ် "ဒီမှာ ဘာလုပ်နေတာလဲ"

"မင့် အိမ်နီးချင်း" ထုံထုံက ပူပူနွေးနွေးပေါက်စီလေးတွေနဲ့ ကြွေပန်းပန်ကို ကမ်းပေးလိုက်တယ်။

"ရေစက်ပဲ!" ကျိုးရိုက လှမ်းယူတယ်..

"အဲ့မှာ စား" ထုံထုံက ပြောတယ်..

"တူတူ စားမယ်လေကွာ!" ကျိုးရိုက ပြောတယ်..

"...ကိုယ့်ဘာသာ စား" ထုံထုံက အိမ်ပြန်ပြီး လေကောင်းလေသန့် ပြန်ရှူချင်နေပြီ၊ ဒီကောင် တက်ကြွနေတဲ့ပုံက ပုံမှန်ဟုတ်မနေဘူး။

"ဘာလို့လဲ! မရပါဘူး! အိမ်ထဲ ၀င်ဦးလေ.. ကြိုဆိုနေတာကို!" ကျိုးရိုက ထုံထုံပုခုံးပေါ်လက်တင်ပြီး ဖက်လိုက်ရင်း သူ့တိုက်ခန်းလေးထဲ ဆွဲခေါ်သွားတယ်.."တွေ့ဆုံမှုတွေဆိုတာ.. ကံကြမ္မာပဲ!"

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now