Chapter 17

51 16 1
                                    

ကျိုးရိုနဲ့ ကျွမ်းချန် ကျောက်ရုပ်ကြီးတွေ ဖြစ်သွားကြတယ်၊ ထုံထုံက သူ့ကုတ်အင်္ကျီလေးကို လှန်လိုက်ရင်း အထဲက ဘောပင်တချောင်းကို ထုတ်လာတယ်...

"ငါ ဒီလာဖို့ တကယ်အစီစဉ်မရှိဘူး၊ မင်းတို့ကိုလည်း မလာစေချင်ဘူး" ထုံထုံက သစ်ပင်အောက်က အုပ်စုကို လှမ်း လက်ပြနှုတ်ဆက်လိုက်ရင်း ဆက်ပြောတယ် "အရေးကြီးတာလည်း မဟုတ်ဘူး၊ ပြီးတော့ မင်း သိတဲ့အတိုင်းပဲ၊ ငါ့မှာ အချိန်မရှိဘူး"

"ရှောင်ခိုင်က မင်းကိုမကြည်လို့ ဒီတိုင်းလိုက်ပြီး ပြဿနာရှာနေတာ မဟုတ်ဘူး၊ ဒီကိစ္စက မင်းတို့ သေချာရှင်းမှရမှာ" ကျွမ်းချန်က ပြောတယ်...

"အဲ့တာ‌ကြောင့်ပဲ ဒီလာတာလေ" ထုံထုံက ခေါင်းအသာစောင်းကြည့်လိုက်ရင်း ပြုံးပြလိုက်တယ် "ဒါပေမဲ့ ငါ အချိန်မဖြုန်းချင်ဘူး"

"မင်းက ဒီမေးခွန်းစာရွက်‌တွေ ယူလာတဲ့ အကြောင်း ရှင်းပြဖို့တော့ အချိန်ရှိနေပါတယ်ပေါ့?" ကျွမ်းချန်က သက်ပြင်းချတယ်...

"တော်တယ်၊ အမှန်ပဲ" ထုံထုံက လက်ဖြောက်တီးလိုက်တယ်...

"လိမ္မာတဲ့ကျောင်းသားလေး! တယ်တော်တဲ့ ကောင်လေး!" ကျိုးရိုက သူ့လက်ကို ထုံထုံ့ပုခုံးပေါ် တင်လိုက်ပြီး ထုံထုံ့ကို သူ့ရင်ဘက်ထဲ ဆွဲထည့်လိုက်တယ်၊ ပြီးတော့ ကျန်တဲ့လက်နဲ့ ထုံထုံ့ခေါင်းကို ခပ်ကြမ်းကြမ်း ဖွပစ်တယ် "မင်း ပြုံးရင် ဒီလောက် ကြည့်ကောင်းတာကို၊ အမြဲတမ်းကို မျက်နှာတည်ကြီးနဲ့၊ မင်းက အဘိုးကြီးလား?"

ထုံထုံက ကျိုးရိုဖက်ထားတာက‌နေ အသားကုန် ရုန်းနေပြီး မနည်းလွတ်အောင် ကြိုးစားနေတယ်၊ သူ့ဆံပင်တွေလည်း ငှက်သိုက်ကေဖြစ်ကုန်ပြီ၊ သူက လွတ်သွားတော့ ကျိုးရိုရဲ့ ဖင်ကို ပိတ်ကန်လိုက်တယ်..

"ဒါကြီးက ရက်စက်သွားပြီ" ကျိုးရိုက အသံကျယ်ကျယ်နဲ့ ပြောလိုက်ရင်း တဟားဟား အော်ရယ်တယ်၊ သူက ထုံထုံ့ဘက်ပြန်လှည့်လိုက်ပြီး ထုံထုံ့ကိုချီရင်း လေပေါ်မြှောက်လိုက်တယ်...

"ရီးပဲ! အားးးးးးး!" ထုံထုံလည်း မြေကြီးနဲ့ ခြေထောက်လွတ်ပြီး လေပေါ်လွင့်သွားတော့ လန့်ပြီး အသားကုန်အော်တယ်...

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now