Chapter 15

53 16 5
                                    

"ကြက်လည်ပင်းညှစ်ထားတဲ့အသံနဲ့ အော်နေတာကိုး၊ ငါ့ဆီက သေချာ သင်ယူစမ်းပါ" ကျိုးရိုက ဂုဏ်ယူမှုအပြည့်နဲ့ ထုံထုံ့ကို ပြောလိုက်တယ်၊ ပြီးတော့ သူ့သွားဖွေးဖွေးတွေနဲ့ ပြုံးပြလိုက်ပြီး ပြတင်းပေါက်ဘက် ပြန်လှည့်ရင်း ဖေယွင့်ကို လက်လှမ်းပြတယ်..

ဖေယွင်က ခဏလောက် ကြက်သေ,သွားပြီးမှ လက်ကို နှစ်ခါ ပြန်ဝှေ့ယမ်းပြလိုက်တယ်...

ထုံထုံ ".............."

ဒါ ဘယ်သူ့ရဲ့ မားလဲ.....?

ထုံထုံက စိတ်ဆိုးသွားပြီး ကျိုးရိုကို ပြတင်းပေါက်မြင်ကွင်းကနေ ဘေးကို ပြန်တွန်းထုတ်လိုက်ရင်း "မား! ဘယ်သွားမို့လဲ"

"သားကို လိုက်ရှာမလို့!" ဖေယွင်က ပြန်အော်ပြောလာတယ် "သား ခြေထောက်ထိထားသေးလား?"

ဒီတခါတော့ ထုံထုံကြက်သေ,သေသွားရတဲ့အလှည့်ပဲ၊ သူ့အမေက သူ့ကိုတောင် မမြင်ရ‌သေးဘဲ ဘယ်လိုသိသွားရတာလဲ?

"အံ့ဩဖို့ကောင်းလိုက်တာ၊ မင်းမားက ထိုးဖောက်မြင်နိုင်တဲ့ X-ray စွမ်းအားတွေ ဘာတွေများ ရထားသလားမသိဘူး!" ကျိုးရိုက ချီးကျူးလိုက်တယ်...

"သား ခြေထောက် အဆင်ပြေတယ်!" ထုံထုံက ပြန်အော် ဖြေလိုက်တယ်...

ဖေယွင်က ဘာမှပြန်မပြောတော့ဘဲ အိမ်ကိုပဲ ခပ်သွက်သွက် ပြန်လာတော့တယ်...

ဖေယွင် အိမ်ကိုပြန်ရောက်တော့ ကျိုးရိုက နှုတ်ဆက်လိုက်ပြီး သူ့အိမ်သူ ပြန်သွားတယ်...

ဖေယွင့်မှာ ထုံထုံ့ကို ပြောစရာရှိနေတယ်ဆိုတာ သူ ရိပ်မိသွားလို့ အရင်ပြန်လိုက်တာပါ...

ကျိုးရိုရဲ့ ခန့်မှန်းချက်က မလွဲခဲ့ဘူး...

---

ဖေယွင်က ကြမ်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထုံထုံ့ရဲ့ ရောင်နေတဲ့ ခြေချင်း၀တ်ကို စိတ်ပူနေတဲ့ပုံနဲ့ စိုက်ကြည့်နေတယ်...

"ဘာမှမဖြစ်ဘူး မား"  ထုံထုံက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမေကို ဆွဲထူဖို့လုပ်တယ် "ကြည့်ရတာသာ ဆိုးနေတာပါ၊ ဒါပေမဲ့ အဲ့လောက် မနာတော့ဘူး"

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now