Chapter 8

82 18 5
                                    

ထုံထုံက ကျိုးရိုကို လူယုတ်မာအော်လိုက်ချိန်က တတန်းလုံးတိတ်နေတဲ့အချိန်နဲ့ ကွက်တိကျသွားတယ်၊ နီဂရိုးကေနဲ့ အမျိုးသမီးကြီးတယောက်က နောက်တချိန်အတွက် အခန်းထဲ ၀င်လာတယ်..

ထုံထုံလည်း လန့်သွားပြီး ဘာစကားမှ မပြောရဲဘူး..

ကျိုးရိုက ခဏလောက် ကြောင်သွားပြီးမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်
"ဘာလား?"

ကျိုးရိုက သူ့ဒေသိယသံမပါဘဲ စကားကို မန်ဒရင်းလို ရိုးရိုးပဲပြောလေ့ရှိတယ်၊ ဒါပေမဲ့ သူလန့်သွားတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်တိုတာမျိုးဆို သူ့ဒေသိယသံ ထွက်လာတတ်တယ်..

ဒီလိုနဲ့ မြောက်ပိုင်းလေသံစစ်စစ် ထွက်လာတယ်..

ထုံထုံလည်း မျက်လုံးတွေ ကျယ်သွားပြီး ဘေးဘီလှည့်ကြည့်မှ.. သေစမ်း

ဒါက အိပ်မက် မဟုတ်ဘူး..

"အမ်..ငါ.. ငါက ဒီတိုင်း.." ထုံထုံက သူ့မျက်နှာသူ ပုံမှန်ပြန်ဖြစ်အောင် ထားရင်း စိတ်ငြိမ်ငြိမ်ထားပြီး ရှင်းပြဖို့ ကြိုးစားလိုက်တယ် "ငါက ဒီ.."

"မင်း ငါ့ကို ဆဲလိုက်တာ" ကျိုးရိုက ကြောင်ငေးနေရင်း ပြောတယ်..

"......."

ထုံထုံက သူ့ကိုကြည့်ရင်း ဒေါသထွက်လာတယ် "ဟုတ်တယ်၊ ငါ မင်းကိုဆဲလိုက်တာ"

ဒီအချိန်မှာတော့ ငြိမ်ကျသွားတာ ကျိုးရိုပဲ..

နှစ်ယောက်သားက အချင်းချင်းစိုက်ကြည့်နေကြပြီး တတန်းလုံးကလည်း သူတို့ ရန်ဖြစ်ကြတော့မယ်ထင်နေတယ်..

နီဂရိုးကေနဲ့ လောင်ရှီးက တုန်တုန်ရီရီနဲ့ အပြေးအလွှား ရောက်လာတယ် "ရန်မဖြစ်နဲ့ ကလေးတွေ၊ ရန်မဖြစ်ကြနဲ့!  အကုန်လုံးက အတန်းဖော်တွေချည်းပဲ၊ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် နေသင့်တယ်"

လောင်ရှီးက အရှိန်မသတ်နိုင်ဘဲ ထုံထုံ့ရင်ခွင်ထဲကျမလိုတောင် ဖြစ်သွားတယ်၊ အဲ့တော့ သူလည်း မြန်မြန်ပဲ လှမ်းထိန်းပေးလိုက်ရပြီး ကူကယ်ရာမဲ့စွာနဲ့ပဲ ရှင်းပြတယ် "ချောင်လောင်ရှီး၊ ကျွန်တော်တို့ ရန်မဖြစ်ပါဘူး"

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now