Chapter 11

74 17 6
                                    

ထုံထုံက ခြေထောက်နာနေတာကို ကြိတ်ခံရင်း မတ်တပ်ထရပ်လိုက်တယ်၊ သူခြေတလှမ်းချလိုက်တာနဲ့ ဖန်ပုလင်းလုံး တခုပေါ် ခြေချမိပြီး ချော်သွားပြန်တယ်..

ခြေခွင်ပြီး ယိုင်ကျ..

သေစမ်း!

ဒီအချိန်လေးမှာပဲ ထုံထုံက သူ့ဘာသာ တိုင်းရင်းအက,ကနေတယ် ခံစားလိုက်ရပြီး မြေကြီးပေါ် ပြန်ပြုတ်ကျသွားတယ်၊ သောက်ရမ်း ရှက်ဖို့ကောင်းလိုက်တာကွာ..

"ဟေး!" မလှမ်းမကမ်းက ကျိုးရိုက လှမ်းအော်လာတယ်..

ထုံထုံက ကျိုးရိုဘက် ပြန်လှည့်ကြည့်ဖို့တောင် အတော်ရှက်နေတယ်၊ သူက သူ့လက်ကို အားပြုထောက်ပြီး မတ်တပ်ပြန်ရပ်နိုင်ဖို့ ကြိုးစားလိုက်တယ်၊ သူ့သိက္ခာလေးကို ပြန်အဖတ်ဆယ်နိုင်ရမယ်..

"ဟေး! မလှုပ်နဲ့ဦး" ကျိုးရိုက မြေကြီးပေါ်က ဆတ်ခနဲ ခုန်ထလာတယ်၊ သူ့ခြေကျင်း၀တ်လည်တယ်ဆိုတာလည်း ဟုတ်ပုံမရပါဘူး..

ကျိုးရိုက ခြေလှမ်းကျဲ နှစ်လှမ်း၊ သုံးလှမ်းနဲ့တင် ထုံထုံ့နားရောက်လာပြီး ထုံထုံ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း မေးတယ် "ခြေထောက်က လှုပ်နိုင်ရဲ့လား"

"တမီတာကျော်လောက်ကနေ ပြုတ်ကျတာနဲ့ မင်းက ငါ့ကို လေဖြတ်သွားပြီထင်နေတာလား?" ထုံထုံက စိတ်မကြည်တဲ့ပုံနဲ့ ခပ်ပြတ်ပြတ်ပြောတယ်..

ကျိုးရိုက ကူကယ်ရာမဲ့နေတဲ့ အပူသည်ရုပ်နဲ့ သူ့ခေါင်းသူ ကိုင်လိုက်ရင်း မတ်တပ်ရပ်လိုက်ပြီး ဘေးဘီဝေ့ကြည့်တယ်၊ ပြီးတော့ သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းမီးဖွင့်လိုက်တယ်..

"ကိုင်ထား" ကျိုးရိုက ခါးကိုင်းလိုက်ရင်း သူ့ဖုန်းကို ထုံထုံ့လက်ထဲ ထည့်ပေးလိုက်ပြီး ထုံထုံ့ကို မင်းသမီးလေးလို အသာလေးပွေ့လိုက်တယ်..

"ငါက အရမ်းတွေ ချောမောနေတာ သိပေမဲ့ ညလယ်ကြီး ဖုန်းမီးကို လမ်းဘက် လှည့်ထွန်းထားတာ ပိုကောင်းမယ်မလား?" ကျိုးရိုက သူ့မျက်နှာကို ဖုန်းမီး ကျနေ‌တော့ မျက်စိကျိန်းတာနဲ့ ရှေ့ကို ဘာမှ မမြင်ရဘူး..

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now