Chapter 6

142 29 5
                                    

ကျိုးရိုက ထုံထုံအောက်ထပ်ဆင်းသွားတာလည်း ကြည့်ပြီးရော သူ့အပြုံးက ချက်ချင်းပဲ ပျောက်သွားတယ်..

တ‌ကယ်တော့ သူခုဏက တော်တော်ကို ဒေါသထွက်နေလွန်းလို့ ရယ်ဖို့တောင် မနည်း..

အဲ့ဒေါသက သူ့အဖေက သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး "မင်းကို ငါစီစဉ်ပေးထားတဲ့ လမ်းကြောင်းပဲ လျှောက်ရမယ်" လို့ပြောတာကို ပြန်တွေးမိသွားလို့ပဲ..

သူ့ ကိုယ်ရံတော်တွေကို ပြန်ချပြီး ထွက်ပြေးလာတဲ့ အချိန်အထိကို အဲ့ဒေါသမီးပွားလေးက တော်တော်လေး တောက်လောင်နေလိုက်တာ..

အိမ်ပေါ်က ဆင်းလာပြီးနောက်တော့ သူ့အဖေက သူ့ကိုဖမ်းဖို့ လူမလွှတ်ဘူး၊ ဖုန်းတကောတောင် မဆက်ဘူး..

သူ့မှာ ပုန်ကန်ထကြွနေဖို့ အချိန်လည်းမရှိဘူး၊ သူ့အဖေက သူ့အပေါ် ဘာလှည့်ကွက်တွေ လာသုံးနေပြန်လဲမသိဘူး၊ ဒါက တကယ် စိတ်ပျက်စရာကောင်းတယ်..

ဒီလိုနဲ့ပဲ နှလုံးသားထဲက မီးတောက်လေးက ထ,ပေါက်ကွဲလို့လည်းမရ.. ငြိမ်းသတ်လို့လည်းမရနဲ့.. တနုံ့နုံ့ကို လောင်ကျွမ်းနေတာ.. သုံးစားလို့ကိုမရဘူး..

လူကို စိတ်ပျက်အောင်ပဲ လုပ်နေလိုက်ကွာ..

သူ့အိတ်ကပ်ထဲက ဖုန်းကတော့ ဆက်တိုက်ကို မြည်နေတုန်းပဲ၊ ဒါ သူ့ညီမဆက်နေတာ၊ ကျိုးရိုက စိတ်မရှည်ဘဲ ဖုန်းကို ပိတ်လိုက်ပြန်တယ်..

ဆူညံနေပြီး အဆက်မပြတ်လာနေတဲ့ ဖုန်းသံကို ကြားနေရချိန်မှာပဲ သူ့စိတ်ထဲ ခိုင်မာတဲ့ ခံစားချက်တခုဖြစ်လာတယ်..

သူ ဒီမီးတောက်ကို ငြှိမ်းရမယ်လို့ တွေးလိုက်တယ်.. မဟုတ်ရင် အကုန် ပြဿနာတွေ တက်ကုန်မယ်..

ကျိုးရိုက စိတ်ရှုပ်ရှုပ်နဲ့ သူ့ဘောင်းဘီအိတ်ကပ်ထဲက စုပ်လုံးကို နှိုက်လိုက်တယ်၊ ဒါပေမဲ့ သူအိမ်ပေါ်က ပြေးလာကတည်းက တလုံးမှ ယူမလာမိတာ သတိရသွားတယ်..

အဲ့လိုနဲ့ ခဏလောက် ဆက်ပြီး စမ်းတဝါးဝါး ဆက်နှိုက်နေရင်း သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ ကြေမွနေတဲ့ လက်ကမ်းစာတစောင် ထွက်လာတယ်..

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now