သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၄)
မြင့်မိုရ် ဖုန်းကိုကြည့်ပြီး ဂဏှာမငြိမ်ဖြစ်နေသည်။ ဖုန်းကိုကိုင်ကြည့်လိုက်၊ စားပွဲပေါ်ပြန်တင်လိုက်၊ ပြီးရင်မတ်တပ်ရပ်ပြီးလမ်းလျှောက်လိုက်၊ ပြီးရင်ပြန်ထိုင်လိုက်နဲ့ မြင့်မိုရ်ရဲ့ပုံစံက အရေးကြီးတဲ့ဖုန်းတစ်ခုကို စောင့်နေသလိုလို၊ အရေးကြီးတဲ့လူတစ်ယောက်ယောက်ကို မျှော်နေသလိုလိုနဲ့ အပြင်ကိုလှမ်းကြည့်နေလေသည်။
မြင့်မိုရ်လက်ပိုက်ပြီး ခြေထောက်ချိတ်ကာထိုင်လိုက်လေသည်။ ပြီးတော့ ဖုန်းကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်ရင်းနဲ့
"ဒီနေ့ ဖုန်းဆက်မယ်ဆိုပြီး ဘာလို့ အခုထိမဆက်သေးတာလဲ --- "
တကယ်တော့ ဒီနေ့ မြတ်သူက မြင့်မိုရ်ကို ဖုန်းဆက်မှာဖြစ်သည်။ သာမန်အချိန်တွေဆိုရင်တော့ မြင့်မိုရ် မြတ်သူရဲ့ဖုန်းကို ဒီလောက်ထိ မျှော်မိမှာမဟုတ်။ အခု သူမျှော်နေရတဲ့အဓီကအကြောင်းအရင်းက မိန်း တို့ကုမ္ပဏီနဲ့ပတ်သက်နေလို့ပဲဖြစ်၏။
မြတ်သူက မိန်းတို့ကုမ္ပဏီဖြစ်တဲ့ "အထက်ဘုံကုမ္ပဏီ"အကြောင်းကို စုံစမ်းပေးနေတာဖြစ်သည်။ ဒီနေ့တော့ မြတ်သူကသိရပြီဆို၍ ဖုန်းဆက်ပြောမယ်လို့ မြင့်မိုရ်ကိုပြောထားခဲ့လို့ သူ မြတ်သူရဲ့ဖုန်းကို မျှော်နေမိတာဖြစ်၏။
အဖြူနဲ့ပန်းရောင် ဆွယ်တာလက်ရှည်အကျီ ၤကို လက်တံတောင်ဆစ်ဖုံးလောက်အောင်အထိ ဆွဲတင်လိုက်ပြီး ဘယ်ဘက်လက်မှာဝတ်ထားတဲ့ နာရီကိုကြည့်လိုက်မိသည်။
"ဒီအချိန်ဆို ဖုန်းဆက်သင့်နေပြီ ဘာလို့ကြာနေတာလဲ မသိဘူး --- "
ဒီနေ့သတင်းကအတိအကျသိပြီးပြီဆိုတော့ သတင်းနဲ့တော့မသက်ဆိုင်လောက်ပါဘူး။ ဘာကိစ္စများရှိနေလို့လဲ။
အချိန်ကြာလာတော့ မြင့်မိုရ်စိတ်မရှည်ဖြစ်လာမိသည်။ စားပွဲပေါ်ကဖုန်းကို ကြည့်လိုက်ကာ ကောက်ယူလိုက်မိသည်။ ပြီးတော့ မတ်တပ်ရပ်လိုက်ပြိး
"ငါလိုက်သွားတာကောင်းမယ်ထင်တယ် --- "
မြင့်မိုရ် ဘောင်းဘီအိတ်ထဲမှာ ကားသော့ရှိ/မရှိစမ်းလိုက်ပြီး လက်က ကားသော့ကိုစမ်းမိတော့မှ ကားသော့ကိုနှိုက်ယူလိုက်ပြီး အိမ်ထဲကထွက်လာလိုက်သည်။ အိမ်ရှေ့မှာ SURF အမျိုးအစား ကားတစ်စီးကိုရပ်ထားလေသည်။ အဲ့ဒါ မြင့်မိုရ်စီးနေကျကားဖြစ်သည်။ မြင့်မိုရ် ကားကို Lock ဖွင့်လိုက်ပြီး ကားတံခါးကိုဆွဲဖွင့်လိုက်၏။
YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romanceသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...