အခန်း(၉)

56 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၉)

"မင်္ဂလာပွဲက ဒီတစ်ပတ်အတွင်းမှာဖြစ်လိမ့်မယ်သား --- အားလုံးစီစဉ်ပြီးသွားပြီ --- "

လင်း သက်ပြင်းချလိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ သူ့မျက်နှာသူလက်နဲ့ပွတ်သက်လိုက်မိသည်။ ပြီးတော့ စားပွဲပေါ်က အအေးပန်းကန်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်လိုက်၏။

"သား ဘာဖြစ်တာလဲ --- နေမကောင်းလို့လား --- "

မေမေက လင်းရဲ့ပခုံးကိုလက်နဲ့လှမ်းကိုင်လိုက်ပြီး မေးလိုက်လေသည်။ ထို့နောက် မေမေ့လက်က နဖူးပေါ်ကို ရောက်လာပြီး

"ကိုယ်တော့မပူပါဘူး --- နည်းနည်းတော့နွေးနေတယ် --- မင်္ဂလာပွဲလည်းနီးနေပြီဆိုတော့ သား ကျန်းမာရေးကိုဂရုစိုက်ဦးနော် --- "

လင်း ခေါင်းကိုပဲငြိမ့်ပြလိုက်သည်။ သူ့စိတ်ထဲမှာ အရမ်းကိုမွန်းကြပ်နေ၏။ ဘာမှလုပ်ချင်စိတ်လည်းမရှိ။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ပေ။

"ဒီနေ့ မေမေတို့လူကြီးတွေ ဖိတ်စာတွေလိုက်ဝေမလို့ --- သားတို့ကတော့ ဝတ်စုံတွေကိုစမ်းပြီး သွားဝတ်ကြည့်ကြဦးနော် --- "

ဒေါ်မိုးဝါ သားကိုကြည့်လိုက်တော့ သားက စားပွဲပေါ်တင်ထားတဲ့ အအေးပန်းကိုသာ သေချာငေးကြည့်နေလေသည်။ သားကိုကြည့်ပြီး ဒေါ်မိုးဝါ စိုးရိမ်သွားမိသည်။ သူမအနေနဲ့လည်း ဘာမှပြောခွင့်မရှိတော့။ စကားတွေအားလုံးက လွန်ကျွံခဲ့ပြီးခဲ့ပြီ။ နောက်ဆုတ်လို့မရနိုင်တော့ဘူး။ သူမ သိပါတယ်။ သား မြချယ်ရီကိုမချစ်ဘူးဆိုတာကိုပေ့ါ။ ဒါပေမယ့် သားရယ် မေမေ့ကိုနားလည်ပေးပါနော်။

သူမ သားရဲ့ပခုံးကိုဆုပ်ကိုင်လိုက်သည်။

"သား --- ဒီမင်္ဂလာပွဲကို သားနည်းနည်းလေးမှ စိတ်မဝင်စားဘူးလားဟင် --- "

လင်း မျက်လုံးထဲကမျက်ရည်တွေကျမလာအောင် မျက်တောင်တွေကို ခပ်ကြမ်းကြမ်းပုတ်ချ လိုက်လေသည်။

"သားက စိတ်မဝင်စားဘူးဆိုရင်ရော မင်္ဂလာပွဲကဖျက်လို့ရမှာတဲ့လား --- ဟင့်အင်း သားမှာ အဲ့ဒီ့လောက် သတ္တိမရှိဘူးမေမေ --- သား အဲ့ဒီ့လိုလုပ်လိုက်မယ်ဆိုရင် ညီမလေးရဲ့ ဘဝရှေ့ရေးခက်ခဲလိမ့်မယ် --- သား အဲ့လိုတော့အဖြစ်မခံနိုင်ဘူး --- မင်္ဂလာပွဲက ဒီတစ်ပတ်ထဲမှာဆိုတော့ သားကိုဘာမှမမေးပါနဲ့တော့ --- ဒီမင်္ဂလာပွဲမပျက်စေရပါဘူး --- သား မြကိုလက်ထပ်မှာပါ --- မေမေ --- "

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now