အခန်း(၂၆)

37 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၂၆)

မြ စာချုပ်ပေါ်မှာ လက်မှတ်ထိုးရင်းနဲ့ မျက်ရည်တွေကျနေလေသည်။ ရှေ့နေကြီးတွေကလည်း စိတ်မကောင်းဖြစ်နေသည့်ပုံဖြင့်။

"သေချာစဉ်းစားကြရဲ့လား လူလေးတို့ရယ် ---"

လင်းရောမြရော နှစ်ယောက်လုံးဘာမှမပြောကြပေ။ မိန်း မမြချယ်ရီကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိ၏။ သူက ကိုကို့ကို သိပ်ချစ်တာ မိန်းသိပါတယ်။ ဒါပေမယ့် သူသာ ကိုကို့အပေါ်သစ္စာရှိရှိနဲ့ ကိုကို့အချစ်ကို စောင့်မျှော်မယ်ဆိုရင် ကိုကိုက ကြင်နာတတ်သူဖြစ်လို့ သူရမှာပဲ။ အခုတော့ အဲ့လိုလုပ်ရပ်တွေကြောင့် ကိုကို့ဆီက အချစ်ကို သူဘယ်လိုများ မျှော်လင့်နိုင်တော့မှာလဲ။

မြ လက်မှတ်ထိုးနေရင်းကနေ လင်းရဲ့မျက်နှာကို မော့ကြည့်လိုက်လေသည်။ လင်းက ဘယ်သူ့ကိုမှမကြည့်ကာ လက်မှတ်ထိုးနေ၏။ အင်းပေါ့ --- သူကတော့ပြတ်သားတာပေါ့။ သူမှ မြကိုမချစ်တာ။ မြ ပိုပြီးငိုချင်လာမိသည်။ ထို့နောက် လက်မှတ်ကိုမြန်မြန်ထိုးကာ အိမ်ပေါ်သို့ပြေးတက်လာမိ၏။ အခန်းထဲရောက်မှ အားရပါးရငိုချလိုက်တော့သည်။

ဒီအချိန်မှတော့ ဘယ်သူမှားတာပါလို့လည်း မဆန်းစစ်ချင်တော့။ ဆန်းစစ်လိုက်ရင်တောင် ထွက်လာမယ့်အဖြေက သူမရဲ့အမှား။ မြ လင်းကိုချစ်လို့ မှားခဲ့ပေမယ့် လင်းကတော့ မြကိုမှားလို့ဆိုပြီး မချစ်ခဲ့ပေ။ အခုလိုသာဆိုရင် လင်း မြကိုဘယ်တော့မှ နားလည်လာမှမဟုတ်တော့ပါဘူး။ ဒီဘဝမပြောနဲ့ နောက်ဘဝတောင် လင်း သူ့ကိုနားလည်လာမှာမဟုတ်တော့။

လင်းနဲ့လက်မထပ်ခင်ကတည်းက မေမေတို့က မြကို သေချာစဉ်းစားဖို့ ပြောခဲ့သည်။ ဒါပေမယ့် အဲ့ဒီ့အချိန်တုန်းက မြရဲ့စိတ်ထဲမှာ လင်းကိုပိုင်ဆိုင်ချင်တဲ့စိတ်သာ စိုးမိုးထားခဲ့၏။ လင်းကိုပိုင်ဆိုင်ရရင် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရသည့်စိတ်မျိုး မြမှာရှိခဲ့သည်။ အခုတော့ အရာအားလုံး ပျက်စီးသွားခဲ့ပြီပေါ့။ တွေးလိုက် ငိုလိုက်နဲ့ မျက်ရည်တွေက မခမ်းနိုင်ခဲ့ပေ။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now