အခန်း(၂)

138 4 0
                                    

သူသာလျှင် ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၂)

"မြင့်မိုရ် မင်းကွာ အပင်ပန်းခံနေသေးတယ် --- သူ့မိဘတွေဆီ လူကြီးစုံရာနဲ့သွားတောင်းလိုက်ရင် မင်းနဲ့သဘောတူမှာပါ ---"

မြင့်မိုရ် မြတ်သူကို ဘာမှပြန်မပြောပဲ ပြုံးနေလေသည်။ သေချာတာကတော့ မြတ်သူပြောတာကို မြင့်မိုရ်မကြားပေ။

အခုလောလောဆယ် မြင့်မိုရ်စိတ်ထဲမှာတွေးနေတာကတော့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်း။ နောက်ပြီး အဲ့ဒီ့မိန်းကလေးက သူကားရပ်ထားတဲ့မျက်နှာချင်းဆိုင်ကလမ်းမှာ မတ်တပ်ရပ်နေတာဖြစ်သည်။ အဲ့ဒီ့မိန်းကလေးကိုကြည်ပြီး မြင့်မိုရ်ပြုံးနေ၏။

အဲ့ဒီ့မိန်းကလေးပုံစံက အရပ်ငါးပေသုံးလက်မ အသားဖြူဖြူ ဆံပင်က ရင်စို့လောက်ကိုမှ မဟော်ဂနီရောင် ပါးပါးလေးဆိုးထား၏။

ဘယ်လိုပဲကြည့်ကြည့် မြင့်မိုရ်အတွက်တော့ ချစ်စရာကောင်းနေ၏။ နောက်ပြီး မြင့်မိုရ်ရဲ့ရင်ခုန်သံတွေကို အသက်သွင်းခဲ့သူလည်း ဖြစ်သည်။ မြင့်မိုရ် သူ့ဘာသာသူ တစ်ယောက်ထဲတွေးပြီး ပြုံးလိုက်မိ၏။

မြတ်သူ မြင့်မိုရ်ရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်ပြီး

"မြင့်မိုရ် ---"

မြင့်မိုရ် ရုတ်တရက်ဆိုတော့ လန့်သွား၏။

"ဟင် --- ဘာလဲ ---"

မြင့်မိုရ်လန့်သွားတာကိုကြည့်ကာ မြတ်သူ ရယ်လိုက်လေသည်။

"မင်း ဘာရယ်တာလဲ မြတ်သူ ---"

မြတ်သူ ရယ်နေရင်းကနေ

"မြင့်မိုရ်ကာရံ --- မင်းကွာ --- ငါတကယ်အံ့သြတယ် သိလား ---"

"ဘာကိုလဲ ---"

"မင်း ခုနက ငါပြောတာမကြားဘူးပေါ့ ---"

"ဟင့်အင်း --- မင်း ဘာပြောလိုက်လို့လဲ --"

မြင့်မိုရ် မြတ်သူကို သေချာကြည်ပြီးမေးလိုက်၏။ မြတ်သူရယ်လိုက်ကာ

"မင်းရဲ့အခြေအနေနဲ့ အဲ့ဒီ့ကောင်မလေးရဲ့ အခြေအနေနဲ့ဆိုရင် မင်းကသာတယ်ကွာ --- အဲ့ဒါကြောင့် လူကြီးစုံစွာနဲ့ မင်းသွားတောင်းရင် သူ့မိဘတွေက သဘောတူနိုင်တယ်လို့ ပြောနေတာကွ ---"

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now