အခန်း(၁၅)

32 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၁၅)

မြင့်မိုရ် အခန်းထဲမှာ တစ်ယောက်ထဲ စီးကရက်သောက်ရင်းကနေ အတွေးတွေနယ်ချဲ့နေလေသည်။ မိန်း သတိမရတာ နှစ်ရက်တောင်ရှိသွားပြီ။ ဘာဖြစ်လို့လဲ --- မမပြောတော့ တစ်ခြားဒဏ်ရာမရှိဘူးဆို --

မြင့်မိုရ် စီးကရက်ကို ဆေးလိပ်ပြာခွက်ထဲသို့ လက်ညှိုးနဲ့တောက်ချလိုက်ပြီး ချထားလိုက်သည်။

"တီ --- တီ --- တီ ---"

မျက်လုံးက ဖုန်းဆီသို့ရောက်သွား၏။ အိမ်မှာ ဘယ်သူမှမရှိပေ။ ဖိုးဖိုးဖွားဖွားတို့လည်း ပြန်သွားကြပြီ။ နောက်ပြီး သူ မိန်းကိုချစ်တဲ့အကြောင်းလည်း ဖွင့်ပြောပြီးသွားပြီ။ အစကတော့ ဖိုးဖိုးက သဘောမတူဘဲ ငြင်းနေ၏။ မိန်းကိုမှ မရရင် အိမ်ထောင်မပြုဘူးဟု မြင့်မိုရ်ပြောလိုက်သောအခါမှ ဘာမှဆက်မပြောတော့ပေ။

"ဟယ်လို --- မမ ---"

"ရံလေး --- မိန်း သတိရလာပြီ --- "

"ဟင် --- ဟုတ်လား မမ --"

မြင့်မိုရ် ဝမ်းသာသွားလေသည်။ သူ့မှာ နေ့တိုင်းစောင့်မျှော်နေရတာ။ မိန်း သတိရလာမယ့်အချိန်ကို အခုတော့ မိန်း တကယ်သတိရလာခဲ့ပြီပေါ့။

"ဟုတ်တယ် --- ရံလေး --- မင်း ဆေးရုံကိုလာမယ်မဟုတ်လား ---"

"ဟုတ်ကဲ့ မမ --- ကျွန်တော် အခုလာခဲ့မယ်--- မိန်းအခြေအနေကရော ဘယ်လိုနေလဲ ---"

"အားလုံးကောင်းတယ် ရံလေး --- စိတ်ထိခိုက်နေတာတစ်ခုပါပဲ ---"

"သြော် ---"

"ရံလေး အခုလာမှာမို့လား ---"

"ဟုတ်တယ် မမ ---"

"အင်း --- ဒါဆို မမ ဖုန်းချလိုက်တော့မယ်လေ ---"

"ဟုတ် ---"

မြင့်မိုရ် ဖုန်းချလိုက်ပြီး အဝတ်အစားအမြန်လဲလိုက်သည်။ မိန်း အဆင်ပြေမှာပါ။ နောက်ဆိုရင် ကိုယ် မိန်းကို ဂရုစိုက်မယ် မိန်း။ မိန်းရဲ့အရိပ်လိုပဲ မိန်းနားမှာ အမြဲတမ်းရှိနေပေးမယ်။

× × × × × × ×

"မိန်း --- နေရတာဘယ်လိုလဲဟင် ---"

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now