အခန်း(၁၁)

62 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၁၁)

မင်္ဂလာပွဲကတော့ လူစည်ကားစွာဖြင့် ပျော်ရွှင်စရာကောင်းနေပါသည်။ ဒါပေမယ့် မိန်းကတော့ အဲ့လိုမဟုတ်ခဲ့။ မြင်ကွင်းထဲက အရာအားလုံးဟာ ကြေကွဲစရာဟုသာ ထင်မြင်နေမိပါသည်။ လူရှင်းလောက်တဲ့နေရာလေးမှာ မိန်း တစ်ယောက်ထဲထိုင်နေမိ၏။ ဒီမင်္ဂလာပွဲကို မိန်းစိတ်ထဲမှာ ဘယ်လိုမှ လာချင်စိတ်မရှိခဲ့။

ဖေဖေမေမေတို့နဲ့ ကိုကို့ရဲ့တောင်းဆိုချက်ကြောင့် မိန်းရောက်လာခဲ့မိသည်။ ငွေရောင်ကြိုးလေးတွေ တန်းလန်း ကျနေတဲ့အကျီရင်စေ့လက်ရှည်ကိုမှ လိုက်ဖက်လှစွာသော အစိမ်းရောင်ချိတ်လုံချည်လေးနဲ့ တွဲဝတ်ထားလေ သည်။ မိတ်ကပ်ပြင်ပေးတဲ့မာမီကတော့ မိန်းကိုပြောသေးသည်။ သတို့သားညီမက သတို့သမီးထက်တောင် လှနေတယ်တဲ့။ မိန်း အပြုံးတွေပျောက်ဆုံးနေခဲ့သည်။

မိန်းကလွဲပြီး အားလုံးရဲ့မျက်နှာမှာ အပြုံးတွေနှင့်သာဖြစ်သည်။ ကိုကို့မျက်နှာမှာလည်း အပြုံးတစ်ခု။ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့မင်္ဂလာပွဲဆိုတော့ လူစည်ကားလှလေသည်။ သက်နှင်း ဘယ်ရောက်သွားတာလဲ --- မိန်း သက်နှင်းကို လိုက်ရှာနေမိ၏။ ဒီမင်္ဂလာပွဲမှာ မိန်းရဲ့သူငယ်ချင်းတွေလည်းပါသည်။ ကောင်းကတော့ ရောက်မလာသေး။

လူတစ်ရပ်ထက်မကတဲ့ ပန်းအိုးကြီးတွေက လှပစွာတန်းစီထားလေသည်။ မင်္ဂလာပွဲကို ခန်းမမှာပဲလုပ်ခဲ့၏။ ကိုကို့သဘောအတိုင်း မြန်မာဆန်ဆန်ဆောင်ခဲ့၍ အဆောင်အယောင်ကအစ ကျက်သရေရှိလှပါသည်။ မိန်းရဲ့ ခွေထားတဲ့ဆံပင်လေးတွေက ပခုံးအောက်မှာ လှပသေသပ်စွာ ကျဆင်းနေ၏။

မိန်း ခန်းမထဲမှာ ဟိုကြည့်ဒီကြည့်ဖြင့် သက်နှင်းကိုလိုက်ရှာနေမိသည်။ ကိုကိုကတော့ မမြချယ်ရီရဲ့ လက်ကိုတွဲကာ လူကြားထဲမှာ ဟိုလူ့မိတ်ဆက် ဒီလူ့မိတ်ဆက်ဖြင့် အလုပ်ရှုပ်နေလေသည်။ ဖေဖေနဲ့မေမေ လည်း လူကြီးတွေနှင့် စကားပြောနေကြ၏။

"မိန်း --- "

ခေါ်သံကြောင့် မိန်းလှည့်ကြည့်လိုက်မိသည်။ ပန်းအိုးကြီးနောက်ကနေ လူတစ်ယောက်ထွက်လာ၏။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now