သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၂၄)
"နင်ပြောတာ ဟုတ်လို့လား မိန်းရယ် ---- "
မိန်း သက်နှင်းနဲ့ ကောင်းရဲ့သူငယ်ချင်းတွေကိုကြည့်လိုက်ကာ
"ငါကတော့ ကောင်းလို့ထင်တယ် --- သူ့မျက်နှာကို သေချာမြင်လိုက်တာပါ ---"
မိန်းရဲ့စကားကြောင့် ကောင်းရဲ့သူငယ်ချင်းတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
"မဖြစ်နိုင်တာဟာ --- ကောင်းကဖြင့် ဒီမှာမှမရှိတော့တာ --- ဟုတ်တယ်မို့လား --- "
သက်နှင်း ကောင်းရဲ့သူငယ်ချင်းတွေကိုကြည့်ကာ ပြောလိုက်လေသည်။ သူတို့အားလုံးလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြာယာခတ်စွာဖြင့်
"အင်း ဟုတ်တယ် ကောင်းကဖြင့် ပြန်သွားတာကြာပေါ့ ---- ငါတို့ကိုတောင် မနှုတ်ဆက်ခဲ့တာကို ----"
မိန်း ခေါင်းငြိမ့်လိုက်ရင်းဖြင့်
"အင်းနော် --- အဲ့ဒါဆိုရင် ငါဘာလို့သူလို့ထင်နေမိတာလဲ မသိဘူးဟာ ---
ဘာလိုလိုနဲ့ကျောင်းတောင် ပိတ်တော့မှာပဲ --- "
လေလေးနည်းနည်းလေးတိုက်တာနဲ့ တဖြုတ်ဖြုတ်ကြွေနေတဲ့ ကုက္ကိုရွက်ကြွေလေးတွေကိုကြည့်ကာ မိန်း ပြောလိုက်တော့ သူတို့အားလုံးရဲ့အကြည့်တွေကလည်း သစ်ရွက်ခြောက်လေးတွေဆီသို့ပင်။
"အင်း --- ဟုတ်တယ်နော် --- မိန်း --- နင်နဲ့ကိုမြင့်မိုရ်ကာရံရဲ့အခြေအနေကရော ---"
မိန်းရဲ့မျက်နှာက ပြုံးသွားတယ်လို့ သူတို့အားလုံးထင်လိုက်မိကြသည်။
"ကျောင်းပြီးရင် ငါတို့တွေ လက်ထပ်ဖြစ်မယ်ထင်တယ် ---"
"ဟင် --- "
"တကယ် ----"
အားလုံးက အံ့သြနေကြလေသည်။ ကောင်းရဲ့သူငယ်ချင်းတွေက ပိုပြီးအံ့သြနေကြပုံပင်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြကာ ခေါင်းတရမ်းရမ်းဖြင့်။
"အင်း --- ကိုကိုနဲ့တောင် စကားပြောပြီးကြပြီ ---"
"သြော် ---"

YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romanceသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...