အခန်း(၂၁)

51 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၂၁)

"သန္တာ --- ဒါဘယ်သူ့အိမ်လဲ ---"

သန္တာက တံခါးပေါက်ဖွင့်နေရင်းကနေ

"ဒါ မေမေ့အိမ်လေ --- မေမေ့အတွက်လိုအပ်တာလေးတွေ ယူရအောင်လို့ --- ခဏပဲနော် မြ ---- "

မြ ခေါင်းငြိမ့်ပြလိုက်တော့ သန္တာက တံခါးဖွင့်ပြီးသွားပြီဖြစ်သည်။ ဧည့်ခန်းကအရမ်းကြီးမကျယ်ပေမယ့်လည်း ချောင်ချောင်ချိချိပါပဲ။

သန္တာကအိမ်ထဲဝင်လိုက်ကာ မြကိုလှည့်ကြည့်လိုက်ပြီး

"မြ ခဏထိုင်ဦးနော် --- ယူစရာရှိတာလေးတွေယူပြီးရင် ပြန်ထွက်ခဲ့မယ် ---"

"အင်း ---"

မြ ခေါင်းငြိမ့်ပြလိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်လိုက်လေသည်။ သန္တာကရေခဲသေတ္တာကို သွားဖွင့်ပြီး မြအတွက် အအေးတစ်ဗူးယူလာခဲ့ပေး၏။

"မြ အအေးသောက်နှင့်ဦးနော် ---"

သန္တာက Sunkist ဗူးလေးယူလာကာ မြရဲ့ရှေ့ကစားပွဲပေါ်မှာ တင်ပေးလိုက်လေသည်။

"ရတယ် သန္တာ ---"

"ဒါဆို ခဏလေးနော် ---"

"အင်း --- အင်း ---"

သန္တာလည်း အထဲကိုဝင်သွားရော မြ စားပွဲပေါ်မှာတင်ထားတဲ့ သတင်းစာကိုယူဖတ်လိုက်လေသည်။ သန္တာက သူ့အမေအသည်းအသန်ဖြစ်လို့ ဆေးရုံသွားဖို့အတွက် မြကိုအဖော်လာခေါ်တာဖြစ်သည်။ သန္တာတို့မိဘတွေနဲ့ မြတို့မိဘတွေနဲ့ကလည်း အရမ်းရင်းနှီးကြ၏။

မြ ဘယ်သူ့ကိုမှမပြောခဲ့မိ။ လင်းလည်းသိမှာမဟုတ်ပေ။ အိမ်မှာမိန်းရှိပေမယ့် မိန်းကိုလည်း မပြောမိခဲ့။ အရေးကြီးလို့ဆို၍ မြလည်း ဘယ်သူ့မှမပြောဘဲ သန္တာ့နောက်က လိုက်လာခဲ့ခြင်းဖြစ်သည်။

မြ သတင်းစာဖတ်နေရင်းကနေ သန္တာလာပေးထားတဲ့ Sunkist အချိုရည်ဗူးကိုဖောက်ကာ တစ်ငုံသောက်လိုက် မိသည်။ ထို့နောက် ပါးစပ်ထဲမှာ ခံတွင်းချဉ်သွားသလိုဖြစ်သွား၍ နောက်ထပ် သောက်လိုက်၏။ ပြီးတော့ စားပွဲပေါ်ပြန်တင်လိုက်ကာ သတင်းစာကိုဆက်ဖတ်နေလိုက်သည်။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now