သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၁၉)
"တီ --- တီ --- တီ ---"
မိန်း ကော်ဖီသောက်နေရင်းကနေ ဖုန်းကိုင်လိုက်လေသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်တာလည်း မိန်းရဲ့ အကျင့်တစ်ခု။အိပ်မပျော်မှာစိုး၍ ကိုကိုက မသောက်ခိုင်းပေမယ့် မိန်း သောက်ခဲ့လေသည်။
ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ မိန်းသိတဲ့ဖုန်းနံပါတ်မဟုတ်။
"ဟယ်လို ---"
"မိန်း ကိုယ်ပါ ---"
ဟင် --- ဒါ ကိုမြင့်မိုရ်ကာရံရဲ့အသံပဲ။ မိန်း အံ့သြသွားမိ၏။
"သြော် --- ကိုမြင့်မိုရ်ကာရံနော် ---"
"ဟုတ်ပါတယ် မိန်း --- ကိုယ်လေ ဒီနေ့အရမ်းပျော်တယ်သိလား ---"
သူ့စကားကြောင့် မိန်းပြုံးလိုက်မိသည်။ ဒီလူကြီး တော်တော်ကလေးဆန်တာပဲလို့လည်း တွေးလိုက်မိခြင်းကြောင့်ဖြစ်သည်။
"ဟုတ်လား --- ဘာလို့လဲ ပိုက်ဆံကောက်တွေ့လို့များလား ---"
မိန်းပြောလိုက်တဲ့စကားကြောင့် မြင့်မိုရ်ရယ်နေလေသည်။
"ဒီကောင်မလေး -- တကယ်ရွှတ်နောက်နောက်ပဲနော် --- ပိုက်ဆံကောက်တွေ့လို့မဟုတ်ဘူး မိန်းရဲ့--- မိန်းဆီကအဖြေရလို့ ပျော်နေတာ ---"
"သြော် --- ဘာများလဲလို့ ခ်ခ် ---"
"မိန်းရော မပျော်ဘူးလား ---"
"ရှင်ပျော်ရင် မိန်းလည်း ပျော်ပါတယ် ---"
"မိန်း --- ကိုယ့်ကို ရှင်လို့ပဲခေါ်မှာလား ---"
မိန်း ကော်ဖီပန်းကန်ကို စားပွဲပေါ်တင်လိုက်ရင်းကနေ
"ဟင် --- မိန်းက ဘယ်လိုခေါ်ရမှာလဲ ----"
"မိန်းက ဘယ်လိုခေါ်ချင်လို့လဲ ---"
"အင်း --- မိန်း ကိုကြီးလို့ပဲခေါ်မယ်လေ ---"
"ကိုကြီးလို့ခေါ်ရင် ကိုယ်က မိန်းထက်အသက်အများကြီး ကြီးတာကို လူတွေသိကုန်မှာပေါ့ ----"
"ဟော ဘာဖြစ်ဖြစ်ပေါ့ --- ကိုကြီးက မိန်းထက်အသက်ကြီးတာပဲဟာကို ---"
YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romansaသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...