အခန်း(၈)

26 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၈)

မိန်း ရေချိုးခန်းထဲကိုဝင်ဖို့ တံခါးကိုဖွင့်လိုက်တော့ ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွား၏။ မိန်း ခေါင်းကိုလက်ဝါးနဲ့ထောက်ကာ နံရံကိုမှီလိုက်မိသည်။

"အား မူးလိုက်တာ --- "

ဘယ်ကိုပဲကြည့်ကြည့် ခေါင်းထဲမှာရီဝေနေ၏။ မိန်း မျက်လုံးမှိတ်ထားလိုက်မိသည်။ ခေါင်းထဲမှာ အရောင်တွေ ပြိုးပြိုးပြက်ပြက်လက်နေ၏။ အဲ့ဒီ့အရောင်တွေကြားမှာ မျက်နှာတစ်ခုပေါ်လာသည်။ မမြချယ်ရီရဲ့မျက်နှာ။ မိန်း မျက်လုံးကို အတင်းပြန်ဖွင့်လိုက်၏။

မိန်း အိပ်ခန်းထဲက ခုတင်ကြီးကိုကြည့်ကာ အံကြိတ်လိုက်မိသည်။

"ငါ သူ့ကိုမုန်းတယ် --- ဟင့်အင်း ဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ဘူး --- "

မိန်း ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။

"ဝုန်း --- "

လင်း လှေကားတွေတစ်ထစ်ပြီးတစ်ထစ်သာ ဆင်းလာတာ စိတ်ထဲမှာတော့ ညီမလေးအကြောင်းကိုပဲ တွေးလာမိ၏။

ဦးသက်ထက်နဲ့ ဒေါ်မိုးဝါ လှေကားပေါ်ကဆင်းလာတဲ့ လင်းကိုတွေ့သွားကာ ကြည့်နေမိသည်။

လင်း ခုံမှာထိုင်လိုက်တော့

"သား သားရဲ့ညီမလေး စိတ်ဆိုးမပြေသေးဘူးလား ---- "

လင်း ခေါင်းရမ်းပြလိုက်သည်။

"အခုလောလောဆယ်တော့ ညီမလေး သားကိုစိတ်ဆိုးပြေသွားပါပြီ --- ဒါပေမယ့် သား ညီမလေးကိုစိုးရိမ်တယ် မေမေ --- "

ဦးသက်ထက်နဲ့ ဒေါ်မိုးဝါ နားမလည်စွာနဲ့ လင်းရဲ့မျက်နှာကိုကြည့်လိုက်ကြလေသည်။

"သားက ဘာကိုစိုးရိမ်တာလဲ --- သားရဲ့ညီမလေးက အဲ့လောက်ဆိုးတာလည်းမဟုတ်ပါဘူးကွယ် --- "

"ဟုတ်သားပဲသားရယ် ---- "

"ညီမလေးက မြကိုလုံးဝကြည်တာမဟုတ်ဘူး --- တကယ်လို့ မြနဲ့သား လက်ထပ်ပြီးသွားရင် ညီမလေးနဲ့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး မေမေ --- သား ညီမလေးအတွက် စိုးရိမ်တယ် ---- "

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now