အခန်း(၁၆)

47 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၁၆)

"ကိုယ့်ကို အဖြေပေးတော့လေ မိန်းရဲ့ ---"

"ဟာ --- မိန်း စဉ်းစားနေတုန်းပဲရှိသေးတာကို ---"

မိဘတွေကိစ္စပြီးကတည်းက မိန်း သိသိသာသာတည်ငြိမ်သွားခဲ့သည်။ မြင့်မိုရ်ကတော့ မိန်းကို တစ်နေ့တစ်ခါမဟုတ်ရင်တောင် နှစ်ရက်တစ်ခါတော့ လာကြည့်ပေးတတ်သည်။ လာကြည့်ပေးတိုင်းလည်း မိန်းဆီက အဖြေကိုတောင်းတောင်းနေခဲ့သည်။

အိမ်မှာ ကိုကိုနဲ့မမြချယ်ရီတို့မရှိ။ ကုမ္ပဏီကိုသာ သွားနေတတ်သည်။ ဒေါ်နှင်းနဲ့ တစ်ခြားအလုပ်သမားတွေသာ ကျန်နေခဲ့၏။ သူအမြဲတမ်း မိန်းကိုချစ်တဲ့အကြောင်းတွေကို တဖွဖွပြောနေခဲ့၏။ မိန်း ကျောင်းသွားတဲ့ပုံတွေရော ကျောင်းပြန်တဲ့ဓာတ်ပုံတွေရော သူ့ဖုန်းထဲမှာအပြည့်။

မိန်း အံ့သြနေတော့ သူရယ်နေခဲ့သည်။ မိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးကို သူသိနေခဲ့သည်တဲ့။ မိန်းနောက်မှာ သူအရိပ်လိုတကောက်ကောက် လိုက်နေခဲ့သည်ဆိုသောစကားကို မိန်းအစကမယုံခဲ့။ အခုတော့ မိန်းယုံသွားခဲ့ပြီ။

သူ မိန်းရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး

"မိန်း --- ကိုယ့်ကိုမယုံလို့လားဟင် ---"

မိန်း ရယ်ပြီးခေါင်းငြိမ့်လိုက်၏။ သူ့ရဲ့မျက်လုံးတွေဟာ မှေးမှိန်သွားလေတော့သည်။ အကြည့်တွေက မိန်းဆီကနေ ပြတင်းပေါက်ကိုကျော်သွား၏။

"မိန်းက ကိုယ့်အချစ်ကိုမယုံခဲ့ဘူးပေါ့ ---"

မိန်း ခေါင်းငြိမ့်ပြလိုက်တာကို သူက သူ့ရဲ့အချစ်ကိုမယုံဘူးဟု သဘောမှတ်ယူသွားခဲ့လေ၏။

"မဟုတ်ပါဘူး --- မိန်း ရှင့်ကိုမယုံလို့မဟုတ်ပါဘူး ---"

မြင့်မိုရ်ရဲ့အကြည့်တွေက မိန်းဆီသို့ပြန်ရောက်လာခဲ့လေသည်။

"ဒါဆို --- ဘာလို့ဒီလောက်စဉ်းစားနေရတာလဲ မိန်းရယ် --- ဘာလဲ မိန်းကိုကိုက သဘောမတူလို့လား ---"

မိန်း ခေါင်းရမ်းပြလိုက်၏။

"ကိုကိုက မိန်းကို ရှင်နဲ့ပတ်သက်ပြီး သဘောတူတယ် --- မတူဘူးဆိုတဲ့ ဘယ်လိုစကားမျိုးကိုမှမပြောပါဘူး -- ဒါပေမယ့် ငြင်းဆန်နေခဲ့တာလည်းမဟုတ်ဘူး ---"

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now