သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၁၂)
မင်္ဂလာပွဲကတော့ ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။
"ကဲ --- ကဲအားလုံးပြီးပြီလား --- "
"ဟုတ် ပြီးပြီမေမေ--- "
မြနဲ့မြမိဘတွေကအလုပ်တွေရှုပ်နေကြ၏။ နိုင်ငံခြားကိုပြန်တော့မှာဆိုတော့ အထုပ်အပိုးတွေပြင်ဆင်နေကြ သည်။ ထုပ်ပိုးပြီးသားအထုပ်တွေကိုတော့ င်းကကားပေါ်ကိုတင်ပေးနေလေသည်။
"ကလေးတွေမင်္ဂလာကိစ္စပြီးသွားတော့မှပဲ --- ကျွန်မတို့လည်းစိတ်ချလက်ချသွားနိုင်တယ် မိုးရယ် --- "
ဒေါ်မိုးဝါ ဒေါ်အေမီ့ကို ပြုံးပြလိုက်ရင်း
"စိတ်ချပါ အေမီရယ် --- မိုးလည်း မြကိုဂရုစိုက်လိုက်ပါ့မယ် --- "
"ကျေးဇူးတင်ပါတယ် မိုးရယ် --- အေမီလေသမီးလေးကိုလင်းနဲ့ဆိုရင် စိတ်ချပါတယ်နော် --- "
"ဟုတ်ပါပြီ --- ဟုတ်ပါပြီ --- "
ဦးသက်ထက်နဲ့ ဦးအောင်မင်းလည်းတစ်ယောက်နဲ့တစ်ယောက် စကားတွေပြောနေကြလေသည်။
"အခုတော့ ကျုပ်တို့လည်းသမီးလေးအတွက် စိတ်အေးရပြီ --- ကိုသက်ရာ --- "
"မင်းကလည်းစိတ်ချပါကွာ ---- ငါ့သားကမင်းသမီးလေးကိုအရမ်းချစ်ပါတယ်ကွာ --- "
ဦးအောင်မင်းစိတ်ထဲကမပါစွာနဲ့ပြုံးနေလေသည်။သိခဲ့တာပေါ့။ ဒီကောင်လေးကသူ့သမီးကိုချစ်/မချစ်ဆိုတာ ---- ဒါပေမယ့် သမီးလေးကတမ်းတမ်းစွဲဖြစ်နေတော့ သူတို့အနေနဲ့ သမီးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့သည်။ လက်ထပ်ပြီးသွားရင်တော့ ချစ်လာမှာပါလို့ သမီးလေးကပြောတာပဲ --- သမီးရဲ့အစွမ်းကိုဖေဖေမေမေတို့ ယုံစမ်းပါတဲ့ --- သူတို့လင်မယားနှစ်ယောက်သမီးလေးရဲ့ဆနဒကိုမငြင်းဆန်ခဲ့။
"ဖေဖေနဲ့မေမေရေသွားရအောင်လေ --- လေယာဉ်နောက်ကျဦးမယ် --- "
ညနေငါးနာရီလေယာဉ်ကိုတမင်ဖြတ်ခဲ့သည်။ မင်္ဂလာပွဲပြီးပြီးချင်းဒီနိုင်ငံကထွက်သွားဖို့ အားလုံးစီစဉ်ခဲ့ပြီးသား။ မင်္ဂလာပွဲပြီးပြီးချင်းအိမ်ကိုချက်ချင်းပြန်ကာအားလုံးစီစဉ်ခဲ့သည်။ အားလုံးပင်ပန်းနေပေမယ့်စိတ်ပါလက်ပါလုပ်ပေးနေမိသည်။ မိန်းလည်းအထုပ်အပိုးတွေကိုကူပြီးပြင်ပေးနေသည်။
YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romanceသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...