သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၁၇)
"မြ မင်းကိုယ့်ကိုမလိမ်ပါနဲ့ ---"
မြ ဘယ်လိုရှင်းပြရမှန်းမသိတော့။ လင်းက ဓာတ်ပုံတွေကိုပြကာ အသေအချာပြောနေလေသည်။
"လင်း --- အဲ့ဒါက မြရဲ့သူငယ်ချင်းပါ ---"
"ကျွတ် --- မြ မင်း ကိုယ့်ကိုယုံအောင်ပြောနေတာလား --- ဒါမှမဟုတ် --- မင်း ကိုယ့်ကို အမှန်အတိုင်းပြောဖို့ လုံးဝမကြိုးစားတာလား မြ ---"
မြရဲ့မျက်နှာက လုံးဝမကောင်းခဲ့။ လင်းကလည်း အားလုံးကိုသိပြီးသားဖြစ်နေပြီမို့ အမှန်အတိုင်းပြောမယ်ဆိုရင် တောင် နားလည်ပေးမယ့်အကြောင်းပြချက်ကို နားထောင်ချင်ခဲ့ခြင်းဖြစ်သည်။ မြက အမှန်ကိုပြောမယ့်ပုံမရှိ။
လင်း မြကိုကျောပေးလိုက်ကာ အခန်းထဲကနေ ထွက်သွားဖို့ဟန်ပြင်လိုက်လေသည်။ အဲ့ဒီ့အချိန်မှာ မြက လင်းနားရောက်လာပြီး လင်းရဲ့လက်ကိုဆွဲထားလိုက်ကာ
"လင်း --- မြတောင်းပန်ပါတယ်နော် --- မြ နောက်တစ်ခါမလုပ်တော့ပါဘူး --- အဲ့လိုကိစ္စမျိုး နောက်ထပ်မရှိစေရပါဘူး လင်းရယ် --- မြကို ဒီတစ်ခါပဲ နားလည်ပေးပါနော် ---"
လင်း ခြေလှမ်းတွေတန့်သွားလေသည်။ မြက သူ့လက်ကိုဆွဲထား၏။
"ဘာအတွက်လဲ မြ --- မင်းဘာအတွက် အခုလိုမျိုးလုပ်ရတာလဲ --- တကယ်ပဲ ဒီလိုမျိုးဖြစ်ချင်တာလား ---"
"မဟုတ်ပါဘူး လင်းရယ် --- မြ ရှင်းပြပါ့မယ် --- အဲ့ဒီ့နေ့က ကိုရဲက သူ့မွေးနေ့မို့လို့ မြကို မုန့်ဝယ်ကျွေးမယ်ဆိုလို့ပါ ---"
"သြော် အဲ့ဒါကြောင့် မင်းကလိုက်သွားတာပေါ့ --- အဲ့ဒီ့မုန့်တွေကို မင်းမစားဖူးလို့လား --- ဟုတ်လား မြချယ်ရီ ---"
လင်း အကြီးအကျယ်ဒေါသထွက်သွားပြီဆိုတာ မြနားလည်လိုက်လေပြီ။ လင်း သူ့ကို တစ်ခါမှ နာမည်အပြည့်အစုံမခေါ်ခဲ့။ အခုက အရမ်းကိုစိတ်ဆိုးနေပြီဆိုတာကို မြ သိသွားပြီ။
"မင်း အဲ့လိုနေရတာကို နှစ်သက်တယ်ဆိုရင် --- ဘာလို့ငါနဲ့လက်ထပ်ခဲ့တာလဲ --- မင်း တစ်သက်လုံးအဲ့လိုမျိုး ယောကျာ်းတွေနဲ့ လျှောက်လည်နေပါ့လား ---"
YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Storie d'amoreသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...