သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
အခန်း(၂၀)
အိမ်ကြီးက ခမ်းနားလိုက်တာ။ ကားပေါ်က ဆင်းလိုက်ကတည်းက မိန်း လိုက်ငေးနေမိသည်။
"ကိုကြီးတို့က မိန်းတို့ထက်တောင် ပိုက်ဆံပိုရှိတာပဲနော် ---- "
မြင့်မိုရ် ရယ်လိုက်၏။
"ကိုယ့်မိဘတွေရဲ့ပစ္စည်းတွေပါ မိန်းရယ် --- အခုချိန်ထိ ကိုယ်ရှာထားတဲ့အရာဆိုလို့ ဘာမှမရှိသေးပါဘူး ---"
"ကိုကြီး ----"
မြင့်မိုရ် လမ်းလျှောက်ရင်းကနေ မိန်းကိုလှည့်ကြည့်လိုက်ပြီး
"ပြောလေ မိန်း ---"
"ကိုကြီးရဲ့ဖိုးဖိုးဖွားဖွားတွေက သဘောကောင်းလားဟင် ---"
မြင့်မိုရ်မျက်နှာပြုံးသွားပြီး
"ဖိုးဖိုးဖွားဖွားတို့က သဘောကောင်းပါတယ် မိန်းရဲ့ --- ဒါပေမယ့် ဖွားဖွားကပိုပြီးသဘောကောင်းတယ် ---"
"ဖိုးဖိုးကတော့ မကောင်းဘူးပေါ့နော် ---"
"အယ် --- ကောင်မလေး အဲ့လိုမပြောရဘူးလေ --- ဖိုးဖိုးနဲ့တွေ့ရင်ကိုယ် ပြောလိုက်မှာနော် --- မိန်းက ဖိုးဖိုးကို သဘောမကောင်းဘူးလို့ပြောတယ်လို့ ---"
မိန်း လက်ကလေးကာလိုက်ကာ ကမန်းကတန်းဖြင့်
"ဟာ --- အဲ့လိုမဟုတ်ပါဘူး ကိုကြီးရဲ့ ---"
မြင့်မိုရ် မိန်းရဲ့ခေါင်းလေးကိုအသာပုတ်လိုက်ကာ ရယ်လိုက်လေသည်။
"ကိုယ်က စတာပါကွာ ---"
တစ်ခါတစ်လေကျရင် ကိုကြီးက ကိုကို့လိုပဲလို့ မိန်းထင်မိသည်။ ကိုကိုပြောသလိုပဲ --- ကိုကြီးက မိန်းကို ကိုကို့လိုပဲပျော်ရွှင်အောင်ထားနိုင်မယ်ဆိုတာ တကယ်များလား။
"မိန်း --- ဘာမှမကြောက်နဲ့နော် --- ကိုယ် ဖိုးဖိုးဖွားဖွားတို့ကို မိန်းရဲ့အကြောင်းအားလုံးကို ပြောပြထားပြီးသား ---"
"ဟင် ကိုကြီးက မိန်းအကြောင်းအကုန်ပြောပြထားပြီးသားပေါ့ ---"
"အင်းပေါ့ မိန်းနေရခက်နေမှာစိုးလို့ပါ ---"
မိန်း ခေါင်းလေးငြိမ့်လိုက်ကာ

YOU ARE READING
သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်
Romanceသူတို့မိသားစုပိုင်ကုမ္ပဏီနဲ့ မိသားစုရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်သူက သူတစ်ယောက်ထဲပဲရှိတယ်။ သူ့နာမည်က "လင်း"။ ဒါကလည်း မြချယ်ရီနဲ့လက်ထပ်မှပါ။ အဲ့ဒါမှ မြချယ်ရီတို့မိသားစုက သူတို့မိသားစုကို ကူညီမယ်တဲ့လေ။ မြချယ်ရီက လင်းကို တစ်ဖက်သတ်ချစ်နေရသူ။ လင်းကတော့ သူ...