အခန်း(၁၀)

63 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၁၀)

"ရက်စက်လိုက်ကြတာဟာ ---"

မိန်း လက်ထဲကဖိတ်စာကိုကြည့်ကာ ငိုနေလေသည်။

"မငိုပါနဲ့တော့ မိန်းရယ် ----"

"ဟုတ်ပါတယ် မိန်းမငိုပါနဲ့တော့နော် ---"

သက်နှင်းရော ကောင်းရော မိန်းရဲ့ဘေးမှာထိုင်ကာပြောနေလေသည်။ သူတို့ပြောမှ မိန်းကပိုပြီး မျက်ရည်ကျလာ၏။ ငိုချင်ရဲ့လက်တို့များဖြစ်နေသလား။

"နင့်ကိုကို ဒီလိုလုပ်တယ်ဆိုတာလည်း နင့်အတွက်ပါမိန်းရယ် --- သူကိုယ်တိုင်ပြောတာပဲလေ --- နင့်ကိုချစ်လို့ နင့်ကိုပျော်ရွှင်စေချင်လို့ဆို --- "

မိန်း သက်နှင်းကိုမော့ကြည့်လိုက်ကာ

"အဲ့ဒါတော့အဲ့ဒါပေါ့ --- ဒါပေမယ့် ငါမှသဘောမတူတာ ---"

"သူကရော ချစ်တယ်ပြောလို့လားဟာ --- မမြချယ်ရီကို သူ မချစ်ပေမယ့် နင့်ကိုပျော်ရွှင်စေချင်လို့ လက်ထပ်ခဲ့တာပါဆို ---"

"ဟုတ်တယ် ကိုကိုလည်း မမြချယ်ရီကို မချစ်ဘူး --- ဒါဆို ဘာလို့များ မငြင်းရတာလဲဟာ ---"

"မငိုပါနဲ့တော့မိန်းရယ် --- မိန်းမပျော်ရင်ပြောပါ --- မိန်းကိုကိုယ်လာခေါ်မယ် --- ကိုယ့်ဆီမှာမိန်းပျော်စေရပါမယ် --- မိန်းကို ကိုယ်တာဝန်ယူနိုင်တယ် မိန်း ---"

သက်နှင်း ကောင်းကိုမျက်စောင်းထိုးလိုက်ကာ

"နင်ကလည်း တစ်မျိုး မိန်းကစိတ်ညစ်နေပါတယ်ဆိုနေမှ---"

မိန်းကတော့ ဘာမှမပြောဘဲ ငိုပဲငိုနေတော့သည်။

"ငါတကယ်ပြောတာ --- ငါ မိန်းကိုတာဝန်ယူနိုင်တယ် သက်နှင်း ----"

ပြောသာပြောရတာပါ မိန်း သူ့ကိုစိတ်ဆိုးပြေတာကြာသေးတာမဟုတ်။ ဒါတောင်မှ သက်နှင်းအကူအညီပေးလို့ မိန်း စိတ်ဆိုးပြေခဲ့တာဖြစ်သည်။ နောက်ဘယ်တော့မှ ရည်းစားစကားမပြောတော့ဘူးလို့ ကတိပေးခဲ့ခြင်းဖြစ်လို့ စိတ်ဆိုးပြေခဲ့ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမိန်းကိုချစ်တယ်။ အခုလိုစကားမျိုးပြောတယ်ဆိုပေမယ့် သူ မိန်းကို တကယ်တာဝန်ယူနိုင်ပါ တယ်။ မိန်း အဲ့ဒီ့မှာနေရတာမပျော်ဘူးလို့သာပြောလိုက်။ အချိန်မရွေးသူလာခေါ်နိုင်တယ်။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now