အခန်း(၇)

64 1 0
                                    

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်

အခန်း(၇)

ဦးဟိန်းပြည့် ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေ၏။ သတင်းစာရွက်တစ်ရွက်ကိုလှန်လိုက်ရင်းကနေ

"အခုတလော သတင်းစာထဲမှာ ကြော်ငြာသတင်းတွေကတော်တော်များလာတာပဲ --- "

"တီ --- တီ --- "

ကားဟွန်းတီးသံနှစ်ချက်ကြောင့် ဦးဟိန်းပြည့် သတင်းစာကိုစားပွဲပေါ်တင်လိုက်လေသည်။

"ဒါ မြင့်မိုရ်ရဲ့ကားဟွန်းသံပဲ --- "

လက်က နာရီကိုလည်းကြည့်လိုက်သည်

"ဆယ့်တစ်ထိုးပဲရှိပါသေးတယ် --- ဘာလို့ပြန်လာတာလဲ ---- သူ ဟိုကိုမသွားဘူးနဲ့တူတယ် --- သွားပြီ ငါစီစဉ်ထားတာတွေတော့ ပျက်ကုန်ပါပြီ --- "

ဦးဟိန်းပြည့် စိုးရိမ်စွာနဲ့ ရွေရွတ်လိုက်မိကာ အိမ်ပြင်ကိုထွက်သွားလေသည်။

ခြံစောင့် ဦးသန်းက ခြံတံခါးကိုဖွင့်ပေးနေ၏။ တကယ်ပဲ မြင့်မိုရ်ရဲ့ကားဖြစ်နေတော့ ဦးဟိန်းပြည့် ခြံထဲကိုဆင်းလိုက်လေသည်။

မြင့်မိုရ် ကားကိုကွေ့ပြီး ခြံထဲသို့ဝင်လာလေသည်။ ခရမ်းရင့်ရောင် အပေါ်ထပ် အကျီ ၤကိုဝတ်ပြီးသွားပြီဖြစ်သည်။

တံခါးပေါက်မှာ မတ်တပ်ရပ်နေတဲ့ ဦးလေးကိုမြင်တော့ မြင့်မိုရ် စိတ်ညစ်သွားမိ၏။

မြင့်မိုရ် ကားရပ်လိုက်တော့ ဦးဟိန်းပြည့်က ကားနားကိုရောက်လာလေသည်။

မြင့်မိုရ် ကားပေါ်ကဆင်းပြီး ကားတံခါးကိုပိတ်လိုက်၏။

"မင်း ဟိုကိုမသွားဘူးလား မြင့်မိုရ် --- "

မြင့်မိုရ် ဦးလေးကိုလှည့်ကြည့်လိုက်ကာ

"ကျွန်တော် ဆေးရုံမှာခွဲစိတ်မှုတစ်ခုရှိလို့ အဲ့ဒါကြောင့် ပြန်လာတာဦးလေး --- ပြီးတော့ --- "

မြင့်မိုရ်ရဲ့မျက်နှာကိုကြည့်ပြီး ဦးဟိန်းပြည့်ရဲ့ မျက်လုံးအစုံဟာ ပြူးကျယ်သွားလေတော့သည်။

"ဟင် --- မင်းမျက်နှာ ဘာဖြစ်တာလဲ မြင့်မိုရ် --- "

ပြောလည်းပြော ဦးဟိန်းပြည့်ရဲ့လက်က မြင့်မိုရ်ရဲ့နှုတ်ခမ်းဆီသို့ ရောက်သွား၏။

သူသာလျှင်ကျွန်မဘဝရဲ့အရှင်သခင်Where stories live. Discover now