[လွန်ခဲ့သော 2 နှစ်]
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.
"တောင်ကိုးရီးယားအသင်းဘက်က ထောင့်ကန်ဘော ရထားပါတယ်ခင်ဗျာ.. ဟုတ်ကဲ့ခင်ဗျ.. ကန်လိုက်ပါပြီ.. တစ်ဖက်အသင်းက ခေါင်းနဲ့ တိုက်ဖို့ လုပ်ပေမဲ့.. မရပါဘူးဗျ.. ကစားသမားဂင်မ်ယောင်ဂွမ်ရဲ့ခြေထဲ ရောက်သွားပါပြီ.. ကစားသမားဂင်မ်ယောင်ဂွမ် ခန္ဓာကိုယ်ကို လှဲချပြီး အမိအရ ကန်ပါတယ်.. ဂိုးပါတယ်ခင်ဗျာ.. ဂိုးပါတယ်...ဂိုးးး"
"ရေးးးးးးး ဟေးးးးး ဂိုးပြီကွ"
"ဒယ်...ဟန် မင်ဂု!!!!!!"
"ဒယ်...ဟန် မင်ဂု!!!!!!"
"ဒယ်...ဟန် မင်ဂု!!!!!!"
အစောပိုင်းနာရီတစ်ချို့ကအထိ ဒီ ထောင့်စွန်း စားပွဲဝိုင်းလေးဟာ တစ်ကိုယ်တည်း အရက် ထိုင်သောက်လို့ ရတဲ့ အေးချမ်းရာလေး ဖြစ်ခဲ့ပေမဲ့ အခုများတော့ အရက်ရှိန်တက်ပြီး ငိုက်ချင်နေတဲ့ မျက်လုံးတွေကတောင် ငိုက်မိတာကို အပြစ်တစ်ခုလို ခံစားရလို့လား မသိ၊ တော်တော်လေး ပြန်ပြီး လန်းဆန်း ပြူးကျယ်လာတယ်။
ဒီဆိုင်က ပုံမှန်ဆိုရင် ဆူဆူညံညံ သိပ် မရှိဘဲ တိတ်ဆိတ်တာမို့ အကြိုက်နဲ့ လုံးဝ အကိုက်လေ။ ဒါပေမဲ့ ဒီနေ့က ကမ္ဘာ့ဖလားဘောလုံးပွဲမှာ တောင်ကိုးရီးယားအသင်း ဝင်ပြိုင်တဲ့နေ့မို့လို့ ဒီနေ့အတွက်ကတော့ တောင်ကိုးရီးယားရဲ့အတိတ်ဆိတ်ဆုံးနေရာတောင်မှ တိတ်ဆိတ်တဲ့သူ့စရိုက်ခြုံလွှာကို ခဏတဖြုတ် ချွတ်ချပေးခဲ့ရပုံပါပဲ။
"ဒယ်...ဟန် မင်ဂု!!!!!!"
"ဒယ်...ဟန် မင်ဂု!!!!!!"
"ဒယ်...ဟန် မင်ဂု!!!!!!"
ဆံပင်မှာ အနီရောင် ချိုပုံ ဘီးကုတ်တွေ တပ်ပြီး အနီရောင် ဘောလုံးတီရှပ်တွေ ဝတ်ထားတာက ယောက်ျားလေးတွေတင် မဟုတ်ဘဲ မိန်းကလေးတွေလည်း ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲ ပြနေတဲ့ ဆိုင်နံရံပေါ်က 55 လက်မ စမတ်တီဗီကြီးဆီ မော့ကြည့်ရင်း လူတစ်ချို့က စိတ်လှုပ်ရှားမှုကြောင့် ထိုင်မရထမရဖြစ်နေသလို လူတစ်ချို့ကတော့ ပါးစပ်ကနေ အော်သံတွေ မထွက်ဘဲ မနေနိုင်ကြ။ ဒီလိုပုံနဲ့တော့ ဒီမှာ ဆက်ပြီး အရက်ကို အေးအေးဆေးဆေး ထိုင်သောက်လို့ မရတော့မှာ သေချာသွားပါပြီ။
ESTÁS LEYENDO
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။