[HARU X HANHAE]
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.
(Trigger Warning : Violence, Blood)
.
.
.
အိပ်ခန်းထဲက စားပွဲခုံမှာ ဟာရူ ထိုင်ရင်း အလုပ်ခေါ်စာတွေ ရှာနေတုန်း အပြင်က ဘဲလ်တီးသံတစ်ခု ကြားလိုက်တယ်။ အဲဒါမို့ ကြည့်နေတဲ့ Laptop ဆီက ခဏ အာရုံပျက်သွားပြီး မတ်တပ် ထရပ်ဖို့ လုပ်လိုက်ပေမဲ့ အပြင်မှာ ဟန်ဟယ် ရှိတာပဲ ဆိုတဲ့ အသိကြောင့် ရွေ့လျားမှုတွေက ပြန်ငြိမ်သက်သွားတယ်။
ညနေစာအတွက် တရုတ်ဆိုင်ကနေ လှမ်းမှာထားတဲ့ အစားအသောက် ဒယ်လီ ရောက်လာတာ ဖြစ်မှာ။
ပိုက်ဆံလည်း တစ်ခါတည်း ရှင်းထားပြီးပြီ ဖြစ်လို့ ဟန်ဟယ် သူ့ဘာသာသူ ယူပြီး ကြည့်ကြပ် ထည့်စားလိမ့်မှာပေါ့။အဲဒီလို အတွေးနဲ့ ဟာရူ့အာရုံတွေက Laptop ထဲက အလုပ်ခေါ်စာတွေဆီ တစ်ခါပြန် ကျောက်ချသွားမိတယ်။
ဒါပေမဲ့။
တစ်မိနစ်နီးပါးအကြာမှာ ဘဲလ်တီးသံက နှစ်ချက် ဆင့်ပြီး ထပ်ထွက်လာပြန်တယ်။
ဒီတစ်ခါတော့ ဟာရူ ဥပေက္ခာ ပြုမထားနိုင်တော့ဘူး။
ဟန်ဟယ်သာ ဧည့်ခန်းထဲ ရှိနေတယ် ဆိုရင် တံခါးဘဲလ်သံ ကြားကြားချင်း တံခါးကို သွားဖွင့်လောက်မှာပဲ။
ဘဲလ်သံက စတုတ္ထအကြိမ်မြောက် ထပ်ထွက်လာတဲ့အခါမှာတော့ ဟာရူ ဒီအတိုင်း ဆက်ထိုင်မနေနိုင်တော့ဘဲ အိပ်ခန်းတံခါးကို ဆွဲဖွင့်ပြီး အပြင်ထွက်လိုက်တယ်။ အဲဒီမှာ ထင်မထားဘဲ အံ့ဩစရာကောင်းတဲ့ မြင်ကွင်းတစ်ခုက ဟာရူ့ကို အဆင်သင့် စောင့်နေတယ်။ ဘာလဲ ဆိုရင် ဟန်ဟယ်က ဧည့်ခန်းထဲက ဆိိုဖာမှာ ထိုင်ပြီး တီဗီနဲ့ ဖွင့်ပေးထားတဲ့ တရုတ်ဇာတ်ကားတစ်ကားကို အေးအေးလူလူ ကြည့်နေခဲ့တဲ့ အဲဒီ မြင်ကွင်း။
ဟာရူ အခန်းထဲက ထွက်လာတာကို မြင်တော့ ဟန်ဟယ်က ယောင်နနနဲ့ မော့ကြည့်တယ်။ ဟာရူ ဘာမှ မပြောဘဲ တံခါးဆီ လျှောက်သွားပြီး ဒယ်လီ လာပို့တဲ့ အစားအသောက်တွေကို ယူလိုက်တယ်။ အခန်းထဲ ရောက်နေတာမို့ ဘဲလ်သံ မကြားမိတာ ဖြစ်ကြောင်းလည်း တံခါးအပြင်ကလူကို သတိတရ တောင်းပန်လိုက်ရသေးတယ်။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ်...။