♡ EPISODE FOUR ♡

61 14 0
                                    

"ဘာလို့လဲ"

"ဟင်..?"

"ဘာလို့လဲ"

ဘာလို့လဲ ဆိုတဲ့ မေးခွန်းကို ဘာလို့ မေးမှန်း မသိတာမို့ မွန်းချယ် ပြူးကြောင်ကြောင် ဖြစ်သွားတယ်။ လေ့ကျင့်တာ ပြီးသွားလို့ အိမ်ပြန်ဖို့ လုပ်နေတုန်း 'ဘာလို့လဲ' ဆိုပြီး လာမေးတာကြောင့် 'ဒီအခန်းမှာ ညအိပ်မရလို့ အိမ်ပြန်အိပ်မို့လေ' လို့ပဲ ပြန်ဖြေရတော့မလိုလို။

"ဒီနေ့ တစ်နေ့လုံး ကျွန်တော့်ကို တစ်ခုခု ပြောချင်တဲ့ ပုံနဲ့ ကြည့်နေလို့.. ဘာလို့လဲလို့.. ဘာပြောချင်လို့လဲ"

အကဲခတ်တာတော့ တအား တော်တဲ့ လူပါပဲ။ မနေ့က မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ စကားကြောင့် မွန်းချယ်လည်း တစ်မျိုးကြီး ဖြစ်နေတာနဲ့ပဲ သူ့ကို တစ်ချိန်လုံး သတိလက်လွတ် သွားသွားကြည့်နေမိတယ် ထင်တယ်။ 'မနက်ဖြန်တွေကို ကျွန်တော် ယုံလို့ မရတော့ဘူး' ဆိုတဲ့ စကားကို မွန်းချယ်ဖြင့် သဘောမကျလိုက်တာ။ နက်နက်နဲနဲတွေ တွေးမကြည့်ချင်ပါဘူး ဆိုကာမှပဲ အဲဒီစကားက မနေ့ကတည်းကစပြီး အခုထိ လေရဟတ်တစ်ခုလိုမျိုး မွန်းချယ်ရဲ့နားစည်အဝမှာ အထပ်ထပ် လည်နေတယ်။

"ကြည့်..အခုလည်း ဖြစ်နေပြန်ပြီ..အဲဒီ အမူအရာ"

သူက ပြောရင်းနဲ့ မျက်မှောင်ကို ကြုတ်လိုက်တယ်။

"ဘာလို့လဲ..လေ့ကျင့်တဲ့နေရာမှာ ကျွန်တော် တစ်ခုခု ပြင်ရမှာမျိုး ရှိနေတာလား? အဲဒီလိုဆိုလည်း ကျွန်တော့်ကို ထုတ်ပြောလေ.. ကျွန်တော် လိုက်ညှိပေးမှာပေါ့"

"အာ..မဟုတ်ပါဘူး"

အဲဒါကြောင့် မဟုတ်ဘဲ 'ရှင့် မနက်ဖြန်တွေက ဘာကြောင့် ရှင့်ကို သစ္စာဖောက်မယ် ထင်နေရတာတုန်း' လို့ သွားမေးလို့လည်း မရ။ ခက်တာပဲ။

"ဖက်ထုပ်ကြိုက်လား လို့ မေးမလို့ပါ"

"ဖက်ထုပ်?"

ဘယ်လိုကနေ ဘယ်လို 'ဖက်ထုပ်'ဆိုတဲ့ စကားကို လည်ချောင်းထဲက ဆွဲထုတ်မိသွားလဲ မသိဘူး။ ဒါပေမဲ့ ရုတ်တရက် သူ့မျက်နှာက နည်းနည်း ပြုံးရိပ်သမ်းလာတာမို့ 'ဖက်ထုပ်' ကို လည်ချောင်းထဲက ဆွဲထုတ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်သွားတယ်။

Smells Like Oxytocin (Completed)Where stories live. Discover now