♡ EPISODE SIXTEEN ♡

44 15 4
                                    

[EPILOGUE]

.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.

သောင်းသောင်းဖြဖြ လက်ခုပ်သံတွေရဲ့ ချီးမြောက်မှုကို ခံယူရင်း အပြုံးပန်း ဝေဆာနေတဲ့ စင်မြင့်အလယ်က လူတစ်စု။ အဲဒီထဲကမှ အပြာရင့်ရောင်ကုတ်လက်ရှည်နဲ့ လည်ပင်းမှာ ဖဲပြားအနက်ရောင် စည်းထားတဲ့ အမျိုးသားရဲ့ညှို့ငင်မှုကြားကနေ မွန်းချယ်ဟာ ရုန်းမထွက်နိုင်။ ဒါမှမဟုတ်..။ တမင်တကာ ရုန်းမထွက်ခဲ့မိတာလို့ ပွင့်ပွင့်လင်းလင်း ပြောရင် ကောင်းမလား။

နံဘေးက သရုပ်ဆောင်တွေနဲ့ လက်ချင်း တွဲ၊ စင်အောက်က ပရိသတ်ကို တရိုတသေ ခေါင်းညွတ် နှုတ်ဆက်နေတဲ့ အဲဒီ အမျိုးသား။ စင်ပေါ်မှာ ကြယ်တစ်ပွင့်လို လင်းနေတဲ့ အဲဒီ အမျိုးသားက မွန်းချယ်မျက်လုံးတစ်စုံအတွက်တော့ အာဟာရအပြည့်ဆုံး မြင်ကွင်းလေး ဆိုတာ ဧကန်မုချ။ အဲဒါကြောင့်ပဲ မွန်းချယ်ရဲ့နှုတ်ခမ်းတွေကလည်း ဒီ တစ်လျှောက်လုံး တောက်တောက်ပပ ကွေးညွတ်နေခဲ့မိတာ။

"ပထမဆုံး ပြဇာတ်အတွက် အရမ်း အရမ်း ဂုဏ်ပြုပါတယ် ရည်းစားလေး"

ဒေစီ၊ နေကြာနဲ့ နှင်းဆီတွေ ရောထားတဲ့ ပန်းစည်းတစ်စည်းကို သူ့ဆီ ကမ်းပေးတော့ သူ့အပြုံးတွေက ပိုလန်းလာတယ်။ မွန်းချယ် ပေးတဲ့ ပန်းစည်းကို လက်တစ်ဖက်က ကိုင်ရင်း ကျန်လက်တစ်ဖက်ကို ဘေးကားပေးလာတာမို့ သူ ဘာကို အလိုရှိသလဲ အထာပေါက်ပြီးသား ဖြစ်တဲ့ မွန်းချယ်က သူ့ရင်ထဲ တိုးဝင်၊ ခါးတွေကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်တဲ့အခါ သူ့လက်ချောင်းတွေက မွန်းချယ်ရဲ့ပုခုံးစွန်းပေါ် ခိုင်မြဲနေအောင် ပြန်အခြေချတယ်။

ကျောင်းပြဇာတ်တွေ ဆက်ဖျော်ဖြေဖို့ မလိုတော့တဲ့ ကာလမှာ တကယ့်ပြဇာတ်တစ်ခုရဲ့ ပိုစတာဘုတ်ပြားပေါ် သူ့နာမည်လေး ဟန်ရေးပြခံထားရတာကို ဝံ့ဝံ့ကြွားကြွား ဖတ်ခွင့် ရှိတဲ့ ပထမဆုံး အတွေ့အကြုံ။

အဲဒီ အတွေ့အကြုံလေးနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံရတဲ့နေ့ကတော့ ဒီနေ့ပါပဲ။

မွန်းချယ်ရည်းစားလေးက ပြဇာတ်သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တယ်။ ပြဇာတ်သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ ရည်းစားလေးရဲ့ ပထမဆုံး ဖျော်ဖြေပွဲမှာတင် အောက်က ပွဲကြည့်ပရိသတ်တွေဆီက အမွှန်းတင်ခြင်းတွေ စည်ပင်နေခဲ့လို့ ဂုဏ်ယူပြီးရင်းဂုဏ်ယူနေမိတဲ့ မွန်းချယ်ကတော့ တလက်လက် ဝင်းဖြာနေတဲ့ မျက်နှာထားတစ်ခုနဲ့ပေါ့။

Smells Like Oxytocin (Completed)Où les histoires vivent. Découvrez maintenant