♡ EPISODE ELEVEN ♡

49 16 4
                                    

ညက တစ်ဖက်တည်းကို စောင်းအိပ်မိလို့ အကြောတင်သွားတဲ့ လည်ပင်းပေါ် လက်နဲ့ ဖိနှိပ်ရင်း ကျွန်တော့်ခြေလှမ်းတွေက မီးဖိုချောင်နဲ့ နီးလာတယ်။

ဟာရူ့ကျေးဇူးကြောင့် ကျွန်တော် မနေ့ညက တော်တော်တော့ အိပ်ရေးဝသွားတယ် ပြောရမယ်။ ဘာကျေးဇူးလဲ ဆိုတော့ ငိုသံတွေရဲ့ ကျေးဇူးပေါ့။

သူတို့နှစ်ယောက် အထဲ ဝင်အိပ်ပြီ ဆိုရင် ကျွန်တော်က အပြင်က တီဗီမှာ တစ်ညလုံး Netflix ထိုင်ကြည့်မလို့ စဉ်းစားထားခဲ့ပေမဲ့ ဧည့်ခန်းဆီ ထွက်လာမယ် ကြံတုန်းမှာပဲ ငိုသံတွေကို ကြားလိုက်ရတာမို့ ကျွန်တော် တုံ့သွားတယ်။

နှစ်ယောက်လုံးက အရမ်းကို ဝမ်းနည်းတကြီး ငိုနေကြတာ။ နားထောင်ရတဲ့လူတောင် စိတ်မသက်မသာဖြစ်လောက်အောင်လေ။

သူများရဲ့ ကိုယ်ရေးကိုယ်တာကို သွားမနှောင့်ယှက်ချင်တာနဲ့ တီဗီ ကြည့်ဖို့ အစီအစဉ်ကို ကျွန်တော် စွန့်ပယ်လိုက်တယ်။ တီဗီလည်း မကြည့်ရရော ကိုယ့်အခန်းမှာပဲကိုယ် လှဲပြီး ဖုန်းပွတ်ရင်းနဲ့ မျက်လုံးက တဖြည်းဖြည်း စင်းကျ၊ အိပ်ပျော်သွားလိုက်တာ မနက်အထိ တစ်ချိုးတည်း။ တစ်ရေး မနိုးဘဲ ဆယ်နာရီတောင် ဝဝလင်လင် အိပ်ပစ်လိုက်တယ် ဆိုတာ ကျွန်တော့်အတွက် အရမ်း အံ့ဩစရာကောင်းတဲ့ ကိစ္စကြီးလိုလည်း ဖြစ်နေတယ်။ အိပ်ရေး တအား ဝနေလို့လားတော့ မသိ၊ လူက တခြားရက်တွေနဲ့တောင် မတူဘဲ တော်တော်လေး ပေါ့ပါးသွက်လက်နေတာလည်း ငြင်းမရဘူး။

"ဒီနေ့ နေ နည်းနည်း သာနေတာပဲ"

ရေသန့်ဘူးတစ်ဘူးကို ဖောက်သောက်ရင်းနဲ့ အပြင်ဘက်က ရာသီဥတုအခြေအနေကို အကဲခတ်မိတဲ့အချိန်မှာ ဟိုရက်ပိုင်းတုန်းက မိုး ဆက်တိုက် ရွာနေလို့ မခြောက်သွေ့နိုင်သေးတဲ့ အဝတ်တွေကို ရုတ်တရက် သတိရသွားတယ်။ ကျောင်းမသွားခင် လှန်းသွားလိုက်ရင် ကျောင်းက ပြန်ရောက်တဲ့အချိန်မှာတော့ ခြောက်သွေ့နေနိုင်ကောင်းပါရဲ့။ အဲဒီအတွေးနဲ့ အတွင်းခန်းထဲ ထည့်ထားတဲ့ အဝတ်တန်းကို ယူ၊ ဝရန်တာ တံခါး ဖွင့်ပြီး နေရောင်အောက်မှာ ခစားခိုင်းမယ် ကြံတုန်း...

Smells Like Oxytocin (Completed)Where stories live. Discover now