♡ EPISODE THREE ♡

54 18 2
                                    

လေ့ကျင့်ဖို့ကို တစ်ရက်ပဲ ပျက်မယ် ပြောထားပေမဲ့..မထင်ထားတဲ့ ပြဿနာတွေ ပေါ်လာ၊ အဲဒီ ပြဿနာတွေကလည်း တော်တော် ကြီးကုန်တာကြောင့်..မွန်းချယ် လေ့ကျင့်ဖို့ မသွားဖြစ်တာ သုံးရက်တောင် ရှိပြီ။

ဒါက ရာနှုန်းပြည့်ကို မွန်းချယ်ရဲ့ လစ်ဟင်းမှုမို့ တစ်ဖက်က ပါတနာကို ဖုန်းဆက် တောင်းပန်ဖို့လည်း တုံ့ဆိုင်းမနေမိတော့ပါဘူး။ ပြီးရင် ဒီနေ့တော့ လာဖြစ်အောင် လာပါ့မယ်လို့လည်း သေချာ ကတိပေးရသေးတယ်။

ဒီနေ့က တနင်္ဂနွေနေ့မို့ သူက ဘောလုံးကန်ဖို့ ရှိပေမဲ့ ဘောလုံးကို ညနေမှ ကန်မှာမို့ မနက်ခင်းနဲ့ နေ့လယ်ခင်းတော့ အားနေတယ်တဲ့။ အဲဒါကြောင့် အခု မနက်စောစောကတည်းက ဘောလုံးကွင်းရှိတဲ့ အဆောက်အအုံကို မွန်းချယ် တက္ကစီငှားပြီး သွားနေတာ။

ဒီရက်ပိုင်းထဲ မွန်းချယ် စိတ်ကတော့ အထုထောင်းခံထားရတဲ့အတိုင်း ကြေမွနေတဲ့ အခြေအနေလို့ တင်စားရမှာပဲ။ ပြဿနာက ဘယ်လို ဖြစ်သလဲ ဆိုရင်..အရင်က အထက်တန်းကျောင်း တက်တုန်းက မွန်းချယ်နဲ့ သိခဲ့တဲ့ အစ်ကိုတစ်ယောက်က.. သူ လုပ်ငန်းတစ်ခု လုပ်နေပါတယ် ဆိုပြီး ဆက်သွယ်လာတာကနေ စတာပေါ့။ သူတို့က Lego အရုပ်လိုမျိုး အရုပ်တွေ ထုတ်တာ။ အစိတ်အပိုင်း သေးသေးလေးတွေကို လိုက်ဆက်လိုက်ရင် ကိုးရီးယားရိုးရာဝတ်စုံဝတ်ထားတဲ့ လူပုံတို့..ချယ်ရီပင်ပုံတို့..ဂယောင်းဘို့ဂွန်းနန်းတော်ပုံတို့ဘာတို့..အဲဒီလိုတွေ ပေါ်လာတယ် ပြောတာပဲ။
မွန်းချယ်ကလည်း ခွေးကျောင်းရင် သုံးတဲ့ ကြိုးသိုင်းတောင် ကြော်ငြာပေးဖူးတဲ့လူမို့..ပြီးတော့ ဒီလူကလည်း ကိုယ်နဲ့ ခင်နေတာပဲမို့..အေးအေးဆေးဆေး လက်ခံလိုက်ပေမဲ့၊ အလုပ်ကိစ္စ ပြောမယ် ဆိုပြီး သူ့အိမ်ကို ခေါ်တော့ လူက နည်းနည်း အင်တင်တင် ဖြစ်သွားတယ်။

အဲဒါနဲ့ 'အိမ်လာဖို့ကတော့ သိပ် အဆင်မပြေဘူး' လို့ မွန်းချယ် ပွင့်ပွင့်လင်းလင်း ပြောတဲ့အခါ 'ရတယ်လေ၊ အဲဒါဆိုလည်း စားသောက်ဆိုင်လိပ်စာ ပို့ပေးလိုက်မယ်' ဆိုပြီး ဖုန်းထဲကို လိပ်စာတစ်ခု ပို့ပေးလာတယ်။ ရောက်လည်း ရောက်သွားရော စားသောက်ဆိုင် အမည် ခံထားတဲ့ ကလပ်လိုမျိုး နေရာကြီး ဖြစ်နေခဲ့တာ။
မွန်းချယ်က အထဲကို မဝင်တော့ဘဲ ပြန်ဖို့ လုပ်နေတော့ ဟိုလူက မွန်းချယ်လက်ကို ဆွဲရင်း သူ ငှားထားတဲ့ သီးသန့်အခန်းထဲ ရောက်တဲ့အထိ အတင်းအကျပ် ခေါ်သွားတယ်။

Smells Like Oxytocin (Completed)Where stories live. Discover now