[HARU X HANHAE]
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.
လုပ်လိုက်မိရင် နောင်တ ရပြီး၊ မလုပ်ဖြစ်လိုက်ရင်လည်း နောင်တရစေမဲ့ ကိစ္စ တစ်ခု ရှိမယ် ဆိုရင် လုပ်လိုက်တာက ကောင်းမလား..။ မလုပ်ဘဲ နေလိုက်တာက ပို ကောင်းမလား..။
'The Little Prince' ဝတ္ထုထဲမှာ ဒီလို စကားပြောတစ်ခု ပါခဲ့တယ်။
လုပ်မိပြီးမှ ရတဲ့ နောင်တက ဘယ်နေရာမှာ ချွတ်ချော်သွားသလဲ ပြန် သုံးသပ်စေနိုင်ရင်း အရှေ့ကို မျှော်ကြည့်ဖို့ ခွန်အားတွေ ပေးပေမဲ့၊
မလုပ်လိုက်မိလို့ ရတဲ့ နောင်တကတော့ အမြဲတမ်း တနုံ့နုံ့ ဖြစ်ကျန်ခဲ့ရမှာကြောင့် အနောက်ကို ပြန်လှည့်ကြည့်နေမိရုံက လွဲပြီး မရှိဘူး တဲ့။
ဟာရူ့ ဘဝပြခန်းထဲမှာတော့ဖြင့် အချိန်တိုင်း နောင်တအပြည့်နဲ့ လှည့်တကြည့်ကြည့် လုပ်နေမိတဲ့ အတိတ်ရဲ့ ရုပ်ပုံကားချပ်မြောက်များစွာ ချိတ်ဆွဲထားတာကို လှမ်းတွေ့နိုင်ပါလိမ့်မယ်။
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.
𝓢𝓶𝓮𝓵𝓵𝓼 𝓛𝓲𝓴𝓮 𝓞𝔁𝔂𝓽𝓸𝓬𝓲𝓷
.♡.﹀﹀﹀﹀﹀﹀﹀﹀﹀﹀.♡.ဟာရူ့မှာ မိဘတွေ မရှိဘူး။ မရှိခဲ့တာ။ ဒါမှမဟုတ် မရှိတော့တာ။ တကယ်တော့ ဘယ်လို အသုံးအနှုန်းမျိုးက ပို သင့်တော်မလဲ မရွေးချယ်တတ်ဘူး။
ကလေးတစ်ယောက်ရဲ့ အသက်သုံးနှစ်အရွယ်အထိ မှတ်ဉာဏ်တွေက ဘယ်လိုနည်းနဲ့မှ သဲကွဲ ထင်ရှားနေဖို့ မဖြစ်နိုင်တာကြောင့် ဟာရူ့မိဘတွေက ဘယ်လို ပုံပန်းသဏ္ဍာန် ရှိမှန်းကိုလည်း ဟာရူ လုံးဝ မသိဘူး။ ဒါမှမဟုတ် မသိတော့ဘူး။
အနံ့တွေ နံပြီး လှောင်ပိတ် မည်းတူးနေတဲ့ သင်္ဘောရဲ့အခန်းတစ်ခန်းကပဲ ဟာရူ အဆုံးစွန်အထိ ခြစ်ထုတ်ယူနိုင်တဲ့ မှတ်ဉာဏ် တစ်ပိုင်းတစ်စ ဖြစ်ခဲ့တယ်။ ဒီ သင်္ဘောက ဘယ်ကို ဦးတည်နေသလဲ၊ ဟာရူ ဒီ သင်္ဘောပေါ်ကို ဘယ်လို ရောက်လာသလဲ၊ ဘာကြောင့် ဟာရူ့ခေါင်းတွေ ဒီလောက်ထိ မူးနေသလဲ၊ ဘာကိုမှ အဖြေ မထုတ်နိုင်ဘဲ ရှိနေတဲ့ အချိန် သက်လတ်ပိုင်းယောက်ျားတစ်ယောက်က ဟာရူ့အရှေ့ကို ရောက်လာတယ်။ အဲဒါက ချန်ဟောင်ယူ။ ဟာရူ အဲဒီနေ့က ချန်ဟောင်ယူနဲ့ ပထမဆုံး တွေ့ဖူးခဲ့တာ။
YOU ARE READING
Smells Like Oxytocin (Completed)
Romanceမရှူရှိုက်ဘဲ နေလို့ မဖြစ်တဲ့ အသက်ဓာတ်တစ်ခုလိုမျိုး... အချစ်ဟာ လေထုထဲ သဘာဝကျကျ ပျံ့လွင့်လာခဲ့တယ် ...။