"သခင်လေးဘာကိုဆိုလိုတာလဲ?"
Mary ၏စက်ရုပ်သံမှာအနည်းငယ်တုန်ယင်နေသကဲ့သို့ရှိသည်။
"မင်းကိုဆောင်းတွင်းရောက်တဲ့အထိနေစရာတစ်နေရာပေးမယ်လို့ပြောနေတာ...ဒါပေမယ့် မင်းနေရမယ့်နေရာက မင်းလိုချင်သလိုမျိုးလူသားတွေနေထိုင်တဲ့ရွာတွေ မြို့ထဲတွေမှာတော့မဟုတ်ဘူး"
တည်းခိုဆောင်ပိုင်ရှင်သည်တံခါးမဆီသို့သွားကာလော့ချ၏။ သူ၏စိုးရိမ်ကြည့်တို့မှာ Mary ဆီသို့ကျရောက်လျက်။
Cale သည်စကားကိုဆက်၍မပြောခင် တည်းခိုဆောင်ပိုင်ရှင်ဖက်သို့စိုက်ကြည့်သည်။
"ဒါပေမယ့် မင်းရဲ့အချိန်ကိုတကယ့်ကောင်းကင်ကြီးကိုကြည့်ရင်းကုန်ဆုံးလို့ရမယ်...မြေပြင်ပေါ် ကအလှတရားတွေကိုခံစားလို့ရမယ်"
ထိုနေရာမှာမကောင်းဆိုးဝါးအကောင်များနှင့်ပြည့်နေသည့်အလင်းမဲ့တောအုပ်ဖြစ်နေစေကာမူ ဤမြေအောက်မြို့တော်တွင်မမြင်တွေ့ ရနိုင်သောလှပသောကောင်းကင်ကြီးနှင့် သဘာဝအလှတို့ရှိနေသေးပေသည်။
"...ကျွန်မသခင်လေးကိုဝန်မလေးစေချင်ပါဘူး"
ကြာမြင့်လှသောတိတ်ဆိတ်မှုအချိန်တစ်ခုပြီးနောက် ထိုသည်မှာ Mary ပြောလာသောစကားပင်ဖြစ်သည်။
'ဝန်လေးသည်' ဆိုသောစကားလုံးက Cale အားပြုံးလို့သွားစေသည်။
"ကျွန်တော့်အကြောင်းကောင်းကောင်းသေချာမသိသေးလို့ အဲ့စကားပြောနေတယ်လို့ပဲကျွန်တော်သတ်မှတ်ပါရစေ"
Cale သည်ထိုင်ခုံနေရာတွင်ထိုင်လျက် Mary အားမော့ကြည့်သည်။ သို့သော် သူမြင်တွေ့ လိုက်ရသည်ကတော့သူမ၏ဝတ်ရုံနက်အောက်တွင် သူမမှာအနက်ရောင်မျက်နှာဖုံးတစ်ခုကိုပါဝတ်ထားသည်ကိုပင်။
သူသည် သူနှင့်တစ်ကြိမ်လေးတောင်အကြည့်ချင်းမဆုံဘူးလောက်သောမိန်းကလေးနှင့်စကားကိုဆက်ပြောသည်။
"ကျွန်တော့်ကိုကျွန်တော်ဝန်လေးစေမယ့်အရာမျိုးကျွန်တော်ဘယ်တော့မှမလုပ်တတ်ဘူး"
![](https://img.wattpad.com/cover/376579366-288-k293436.jpg)
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Viễn tưởngအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️