လူသားတစ်ယောက်ဆီသို့နတ်သူငယ်တစ်ယောက်ကအရင်ဦးစွာချည်းကပ်သည့်အမှုမှာဖြစ်တောင့်ဖြစ်ခဲ။ ပြောရလျှင် ချည်းကပ်စရာအကြောင်းလည်းသူတို့တွင်မရှိပဲ။
မည်သို့ပင်ဆိုစေကာမူ လက်ဆယ်ချောင်းတောင်ရှိရွာမှနတ်သူငယ်များကတော့အကြောင်းရင်းတစ်ရပ်ရှာတွေ့ သွားပုံပေါ် သည် ထို့အပြင် သူတို့သည် သူတို့ရှေ့ရှိလူသားအားဇွဲကောင်းကောင်းနှင့်ချည်းကပ်နေခဲ့ကြ၏။
ထိုလူသားမှာ အားလုံးမျှော်မှန်းထားသည့်အတိုင်း Cale ပင်ဖြစ်ချေသည်။
"အဲ့ဒါကဖြေရခက်လို့လားဟင်?"
နတ်သူငယ်အုပ်စုရှေ့ရှိနတ်သူငယ်နှင့်အကြည့်ချင်းမဆုံမိအောင် Cale သည်သူ၏မျက်နှာကိုရှောင်လွှဲလိုက်သည်။ နတ်သူငယ်အုပ်ရဲ့ရှေ့ဆုံးမှာရှိနေတဲ့နတ်သူငယ်နှစ်ယောက်ကဘာလို့အဘွားကြီးနဲ့ကလေးလေးဖြစ်နေရတာလဲ? Cale သည်ရွာသူကြီး Canaria ဖက်သို့လှည့်ကြည့်သည်။
'သိုသိုသိပ်သိပ်ပဲထွက်သွားချင်တယ်လို့ငါသေချာရှင်းရှင်းလင်းလင်းပြောခဲ့တယ်နော်'
Canaria သည်နူးညံ့စွာ Cale အားပြုံးပြသည်။ ယင်းအပြုံးအားအမြင်ကပ်စရာလို့ Cale တွေးမိခဲ့ပေမယ့်အခုကိစ္စမှာသူမအပြစ်လည်းမဟုတ်ပါပေ။
"သခင်လေး ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော် ကျွန်တော့်မိသားစုကိုပဲအသိပေးခဲ့တာပါ"
တောင်းပန်စကားထွက်လာရာအသံဖက်သို့ Cale သည်သူ၏အကြည့်တို့ကိုလွှဲလိုက်သည်။ Pendrick ကိုကြည့်ရသည်မှာအတော်လေးကိုအားနာနေပုံပေါ် သည်။ သူတို့ထွက်ခွာမယ့်တည်နေရာနဲ့ အချိန်ပေါက်ကြားသွားခဲ့ရသည့်အဓိကအကြောင်းရင်းမှာသူ့ကြောင့်ဖြစ်လေသည်။ သို့သော်လည်း ထွက်ခွာမည့်အကြောင်းကိုမိသားစုဆီအသိပေးခဲ့သည့်အတွက် သူ့အားအပြစ်တင်လို့လည်းမရပါပေ။
'အင်း ဒီလိုတွေဖြစ်လာမှတော့လဲ'
အနည်းဆုံးတော့ အဆိုးရွားဆုံးအခြေအနေဖြစ်သည့် Raon တစ်ယောက်ပေါ် ထွက်လာပြီးအကိုးကွယ်ခံရနိုင်သည့်ကိစ္စရပ်အားရှောင်လွှဲနိုင်ခဲ့ပြီလို့ Cale တွေးထင်မိသည်။ ထို့ကြောင့်ပဲ ထိုသည်အားအကျိုးရှိအောင်အသုံးချလိုက်မည်ဟုသူဆုံးဖြတ်ချက်ချခဲ့သည်။ အကယ်၍သူသာအထင်အမြင်ကောင်းကောင်းချန်ထားနိုင်ခဲ့မည်လျှင် သူ့ရဲ့ခိုင်းစေချက်ကိုနတ်သူငယ်တွေကပိုပြီးလွယ်လွယ်ကူကူလုပ်မပေးလာနိုင်လောက်ဘူးလား?
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasíaအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️