နဂါး။
ထိုသည်မှာ Raon အပြင်နောက်ထပ်နဂါးတစ်ကောင်ဖြစ်၏။
နောက်ထပ်နဂါးတစ်ကောင်အား Cale မတွေ့ ချင်မိပါ။
စိတ်ကူးယဥ်ဝတ္ထုအတော်များများ၌ နဂါးကြီးများမှာဇာတ်လိုက်အားဝတ္ထု၏အရေးကြီးအဓိကသော့ချက်ကိုညွှန်ပြပေးတတ်ကြသည့်အကူအညီပေးသူများဖြစ်လေသည်။ သို့သော် ဤ 'သူရဲကောင်းတစ်ယောက်မွေးဖွားလာခြင်း' ထဲရှိနဂါးများကတော့မောက်မာကြီးကျယ်သူများဖြစ်ကြပြီး တစ်ကိုယ်ကောင်းဆန်ကြပေသည်။
'ဒီမှာရှိတဲ့နဂါးတွေအကုန်လုံးကရှယ်တစ်ကိုယ်ကောင်းဆန်တဲ့ဟာတွေမှန်းဝတ္ထုကပြောထားတယ်မလား?'
Raon ကတော့ခြွင်းချက်ဖြစ်၏။ သူမှာစတင်စိုးရိမ်ပူပန်မိလာရသဖြင့်မျက်မှောင်ကြုတ်သွား၏။
• "ဒီကမ္ဘာမှာငါ့လောက်ကြီးကျယ်ပြီးမြင့်မြတ်တဲ့နဂါးထပ်မရှိတော့ဘူးဆိုတာငါသိပေမယ့် ငါသိချင်သေးတယ်! ငါကလွဲရင် ကျန်တဲ့လူအကုန်လုံးမှာသူတို့မျိုးနွယ်စုဝင်တွေအသီးသီးရှိကြတယ်လေ!"
ဟားးးးး။
သက်ပြင်းရှည်တစ်ချက်မှာ Cale နူတ်ဖျားမှထွက်လာ၏။ သူသည်ဆက်လက်တွေးတောနေရင်း မျက်နှာအားလက်ဖြင့်သပ်ချလိုက်တော့သည်။
'ဘယ်လိုဖြစ်လို့ကိစ္စတွေကဒီလိုတွေဖြစ်လာရတာလဲ?'
ကိစ္စအကုန်ကိုအစီအစဥ်အတိုင်းသူဆောင်ရွက်ခဲ့ပေသည် အဲ့ဒါကိုအဘယ်ကြောင့်များတခြားအရာတွေကသူ့လမ်းတွင်တစ်ချိန်လုံးဝင်ရူပ်နေရသနည်း။ အကြောင်းကသူ့တွင်နဂါးတစ်ကောင်ကော ဇာတ်လိုက်ကျော် Choi Han ပါပူးတွဲအတူရှိနေသည့်အတွက်ကြောင့်လား?
Raon ၏စိုးရိမ်နေသောအသံမှာ Cale ခေါင်းထဲ၌ပေါ် ထွက်လာ၏။
• "ဟူးမန်း မင်းနေမကောင်းဖြစ်နေပြန်ပြီလား?"
ဟားးးးး။
သူသည်မျက်နှာကိုလက်နှစ်ဖက်လုံးဖြင့်အုပ်မိုးရင်းနတ်သူငယ်ရွာသူကြီးအားမေးမြန်းခဲ့တော့သည်။
YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasyအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️