Chapter 149

57 9 0
                                    

​လေတိုးသံများ

Cale လက်ဖဝါး​ပေါ် ရှိလေ​ပွေနှစ်ခုသည် 'ဝှီး' ဟူ​သော​လေသံတို့ဖြင့်ပြင်းထန်စွာ​​မွှေ့ ရမ်း​နေလျက်ရှိ​သည်။ Cale သည်တစ်​ယောက်​ယောက်သူ့​နောက်၌ရှိ​နေသလိုခံစားချက်တို့ရသဖြင့်​နောက်သို့လှည့်ကြည့်မိ​တော့ သူ့အားစိုက်လို့ကြည့်​နေ​သော Raon ကို​တွေ့ မြင်လိုက်ရသည်။

"ငါအဆင်​ပြေပါတယ်လို့မင်းကို​ပြောပြီးသားပဲ"

ထိုသို့ Cale ​ပြောပြီးတာ​တောင်မှ Raon သည်သူ့အားမီးပွားတို့လွင့်စင်ထွက်လာမတတ်ဖြစ်​သောအကြည့်တို့ဖြင့်စူးစိုက်ကြည့်​နေခဲ့​လေသည်။ Raon ကဆိုသည်။

"အခုနကအထိမင်းလက်​တွေကကတုန်ကယင်ဖြစ်​နေတဲ့ဟာကို...​ရှေး​ဟောင်းစွမ်းအင်​ကိုအများကြီးမသုံးနဲ့...အားနည်းတဲ့ဟူးမန်း မင်းလည်းနည်းနည်းပါးပါး​လေ့ကျင့်​ရေးဆင်းသင့်တယ်"

'​ရှေး​ဟောင်းစွမ်းအင်နဲ့​လေ့ကျင့်​ရေးဆင်းတာနဲ့ကဘာဆိုင်လို့လဲ?'

Cale သည် Raon ၏အ​တွေးစဥ်အား​မေးခွန်းထုတ်မိ​သော်လည်း သူသည်​လေထဲ၌သူနှင့်အတူကိုယ်​ယောင်​ဖျောက်စက်ဝန်းထဲ၌ရှိ​နေ​သောလူတို့ဘက်အားလှည့်ကြည့်ရန်အတွက် Raon အားလျစ်လျူရှုလိုက်သည်။

Rosalyn Choi Han Gashan

သူတို့သုံးဦးသည်​အောက်သို့ငုံ့ကြည့်ရင်းဘာစကားတစ်ခွန်းမှမ​ပြောနိုင်ခဲ့ကြ။ Cale သညခ Choi Han ဘက်သို့လှည့်ကြည့်ရင်းစကားကိုစ​ပြောသည်။

"မင်းဘာလုပ်​နေတာလဲ?"

သူ၏​အမေးအား Choi Han နှင့် Gashan တို့ကတုံ့ပြန်လာသည်။ Rosalyn သည်လည်း​ဖြေး​ဖြေးချင်း Cale ဘက်သို့လှည့်ကြည့်လာ၏။

Cale ၏လက်ညိုးသည်စတင်လှုပ်ရှားလာသည်။ သူသည်​အောက်ဘက်သို့ညွှန်ပြခဲ့၏။

"မင်း​အောက်ကိုဆင်းပြီးသွားမချ​တော့ဘူးလား?"

နတ်ဆရာ Gashan သည်တွန့်ခနဲတစ်ချက်ဖြစ်သွားသည်။ ထို့​အခါမှ သူသည်လည်းပဲ Hais ကျွန်း​တွေအား​ကြောင်အမ်းစွာငုံ့ကြည့်​နေခဲ့မိတာဖြစ်​ကြောင်းသတိပြုမိခဲ့ရ​လေသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Nơi câu chuyện tồn tại. Hãy khám phá bây giờ