အခန်း (၁၃၉): ညလယ်ခေါင်အချိန်
"အရှင့်သားနဲ့တွေ့ ဆုံရတာကျွန်တော်ပျော်အားလွန်ကြီးမိသွားလို့အခုလိုမျက်နှာထားမျိုးကျွန်တော်လုပ်မိသွားတာထင်ပါတယ်"
Cale သည်ထိုသို့ပြန်ဖြေရင်းရုပ်သံဆက်သွယ်ရေးစက်ရှေ့ရှိဆိုဖာပေါ် ၌ထိုင်လိုက်သည်။
• "အဲ့လိုပေါက်ကရလေးဆယ်တွေပြောနိုင်သေးပုံထောက်တော့ မင်းအဆင်ပြေတယ်လို့ငါထင်တာပဲ"
Cale သည်အဆင်မချောလှသော Alberu ၏စကားလုံးရွေးချယ်မှုတို့အားဂရုမစိုက်ခဲ့ပေ။ အဲ့အစားသူသည် Alberu ၏မျက်နှာအသားအရည်ပေါ် သို့သာအာရုံစိုက်မိသည်။
Alberu ကိုကြည့်ရသည်မှာဖြူဖတ်ဖြူရော်ရှိလှသည်။ သူ၏ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာတို့မှာအရင်တိုင်းတောက်လွင်နေသော်လည်း သူ့ကိုကြည့်ရသည်မှာပင်ပန်းနေပုံပေါ် ပါသည်။
"အရှင့်သားကိုကြည့်ရတာပင်ပန်းနေသလိုပဲ"
• "မင်းငါ့ကိုကူပေးမလို့လား?"
"လိုအပ်တဲ့ဆေးဝါးတစ်ချို့ကိုကျွန်တော်လှမ်းပို့ပေးလိုက်ပါ့မယ်"
Cale ၏ပြန်အဖြေ၌ Alberu ကနှာမူတ်ကာလှောင်ရယ်သည်။ လက်ကိုပင့်မြှောက်ကာ Alberu သည်သူ့နဖူးသူကိုင်ထိမိသည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်လောက်ကစလို့ Roan တိုင်းပြည်အတွင်းရှိအာဏာမျှခြေမှာဆက်တိုက်ဆိုသလိုပြောင်းလဲလာခဲ့သည်။
အခုဆိုအနောက်မြောက်ပိုင်း Stan နယ်မြေမှာတတိယမင်းသားအစား Alberu နောက်ကိုလိုက်ခဲ့ကာအရှေ့မြောက်ပိုင်းနယ်မြေအများစုတို့သည်လည်း Alberu နောက်သို့လိုက်နေကြပြီဖြစ်သည်။
ထပ်ဆောင်းဆိုရသော် Alberu ၏ကိုယ်ပိုင်ပရောဂျက်တစ်ခုဖြစ်သည့်အခုထိဆောက်လုပ်နေဆဲအနောက်မြောက်ပိုင်းရေတပ်စခန်းစတင်တည်ဆောက်လာတည်းက အင်အားစုအမြောက်အများမှာ Alberu ဘက်သို့တိမ်းညွတ်လာခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဘုရင်ကြီးအပါအဝင်တိုင်းပြည်၏ထိပ်တန်းစစ်ဗျူဟာမှုူးအချို့သည် Alberu သည် Whipper တိုင်းပြည်မှ Mage တို့အားခေါ် ဆောင်ပြီးသူ၏အင်အားစုထဲ၌ထည့်သွင်းထားသည်ကိုသိရှိသွားခဲ့ကြသည်။
![](https://img.wattpad.com/cover/376579366-288-k293436.jpg)
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasíaအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️