Chapter 135

96 13 0
                                    

ချက်ချင်းဆိုသလို Cale သည် Tasha နှင့် Mary တို့အားဂူထဲသို့​ခေါ် ​ဆောင်​သွားခဲ့သည်။ Mary ကိုသူမ​တွေ့ ရသည်မှာအ​တော်ပင်ကြာခဲ့ပြီဖြစ်၏။

"အို...အင်း...မင်းက​မ​ပြောင်းလဲသွားဘူး​ပဲ"

Mary ​သည်ခေါင်းအစ​ခြေအဆုံးအားသူမ၏အမည်း​ရောင်ဝတ်ရုံဖြင့်ဖုံးအုပ်ထားဆဲ။ သူမမထွက်ခွာခင် Cale သည်သူမနှင့်အချိန်အ​တော်ကြာ​တွေ့ ဆုံခဲ့ရလို့လားမသိ သူသည်အနှီဝတ်ရုံအမည်း​ရောင်ထဲမှလူမှာ​ပျော်ရွှင်လို့​နေမှန်းသူခံစားရမိ​နေပါသည်။

"ဟယ်လို သခင်​လေး Cale...သခင်​လေးနဲ့ကျွန်မအခုလိုပြန်ပြီး​​တွေ့ ဆုံရတာဝမ်းသာမိပါရဲ့"

သူမ၏အသံက​တော့​တောင့်​တောင့်တင်းတင်းနှင့်ခံစားချက်တို့ကင်းမဲ့​နေ​သောအသံဖြစ်​နေဆဲဖြစ်ပြီး Cale အားလမ်းပြဂျီပီအက်စ်ကိုသွားသတိရ​စေခဲ့သည်။ ယင်းအမည်း​ရောင်ဝတ်ရုံ၏​ခေါင်း​ပေါ် တွင်​တော့အမည်း​ရောင်လုံးလုံးပုပု​လေးတစ်ခုရှိ​နေ၏။

"ငါလည်းပဲ​ပျော်တယ်! လိမ္မာတဲ့ Mary နင့်ရဲ့အရိုးစု​တွေကိုငါခဏခဏသွားစစ်ကြည့်​ပေးထားတယ်သိလား!"

Mary နှင့်နောက်တစ်ကြိမ်ပြန်ဆုံ​တွေ့ ရသည်ကိုအ​ပျော်ဆုံးဖြစ်​နေသူက​တော့ Raon ပင်ဖြစ်​လေသည်။

"​ကျေးဇူးအများကြီးတင်ပါတယ်"

"အခုကမြိုင်​တောထဲကိုသွားမှာမင်းအတွက်ပထမဆုံးအကြိမ်မလား? ငါမင်းကိုအကုန်​ပြောပြ​ပေးမယ်...ငါကအဲ့ကို​ရောက်ဖူးတယ်​လေ"

"Raon-nim ကတကယ်အံ့ဩသင့်စရာ​ကောင်းတာပဲ...မြိုင်​တောကြီးရဲ့​ကောင်းကင်ကြီးက​ကောလှလားဟင်?"

"ဒါ​ပေါ့! မြိုင်​တောကြီးဆီသွားဖို့ဆိုငါတို့​တွေ
သမုဒ္ဓရာကြီးကိုဖြတ်ပြီးသွားရမှာ...အခုတစ်​ခေါက်​ကိုတော့ခက်ခဲ​လောက်မယ်ဆို​ပေမယ့် ​နောက်အ​ခေါက်ကျ Killer ​ဝေလငါးကြီး Archie ရဲ့​ကျော​ပေါ် က​နေစီးပြီးရှုခင်း​လျှောက်ကြည့်ကြမယ်​လေ!"

"Mary ​စောင့်​နေပါ့မယ်"

Raon နှင့် Mary တို့စကားအပြန်အလှန်​ပြော​နေသည်ကို Cale တစ်​ယောက်ကြည့်​နေချိန် တစ်စုံတစ်​ယောက်သည်သူ့အား​​ဘေးနားက​နေလာတို့​လေသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Opowieści tętniące życiem. Odkryj je teraz