- "မင်းလိုလူမျိုးပေါ် လာလိမ့်မယ်လို့ငါလုံးဝမထင်ထားဘူး!"
'အဖျက်မီးလျှံ' ၏ပိုင်ရှင်အသံအား Cale ကြားနေရသည်။ သူ၏အသံမှာစိတ်မမှန်သည့်လူတစ်ယောက်အားမြင်လိုက်ရသကဲ့သို့ရှိသည်။
ကလန် ကလန် ကလန်။
ငွေဒင်္ဂါးပြားများမှာဆီးနှင်းများကဲ့သို့တဖွဲဖွဲဆက်ကျနေလျက်။
'အာ ဒါကသိပ်ပျော်ဖို့ကောင်းတာပဲ'
တခြားလူတစ်ယောက်၏ပိုက်ဆံဖြစ်နေသည့်အတွက်ပို၍ပင်ပျော်ဖို့ကောင်းနေပါသေးသည်။ အခုလိုအခွင့်အရေးမျိုးအားနောက်တစ်ကြိမ်သူဘယ်အခါမှရမှာမည်နည်း?
"ဟုတ်တယ် အကုန်ပစ်ချလိုက်ရအောင်!"
Cale သည်လက်တစ်ဆုပ်စာငွေဒင်္ဂါးပြားများအားရွှေဝက်ရုပ်ကြီးဆီသို့ကျဲချပစ်သည်။
"ဒါ-ဒါမဖြစ်နိုင်တာ! ငါဘယ်လိုခံစားရမလဲတောင်မသိတော့ဘူး! ဒီလိုငါခံစားသင့်တာမဟုတ်ဘူးဆိုပေမယ့် ပိုက်ဆံတွေကိုကျဲချတာကိုကြည့်ရတာသိပ်ပျော်ဖို့ကောင်းတာပဲ!"
ငါးနှစ်သားအရွယ် Raon ၏စိတ်အခြေအနေမှာဗြောင်းဆန်နေလေသည်။ ထိုအချင်းအရာအား Cale သည်လျစ်လျူရှုလိုက်ကာချော်ရည်ထဲတွင်ပေါလောပေါ် နေပြီးသူ့အတွက်ငွေလမ်းခင်းပေးနေသောငွေဒင်္ဂါးပြားများကိုသာစိုက်ကြည့်မိခဲ့သည်။
ဤ 'အဖျက်မီးလျှံ' မှာအမှန်တကယ်တော့မီး သို့မဟုတ် ချော်ရည်ဟူ၍ခေါ် ဝေါ် လို့မရ။ သူ၏မီးပုံစံမှာအရည်နှင့်ဆင်တူသောအခြေအနေတွင်ရှိနေသောကြောင့် ယင်းမှာ 'အရည်မီးတောက်' နှင့်ပို၍တူသည်။
< လက်ဆယ်ချောင်းတောင်၏တတိယမြောက်တောင်ထိပ်တွင်ပေါ် ထွက်လာခဲ့သောဤ 'အဖျက်မီးလျှံ' မှာတောင်ကြီးတစ်ခုလုံးကိုဖျက်စီးပစ်ပြီးတာတောင် ငြိမ်းမကျသွားခဲ့။ မီးဒြပ်စင်ရှိသောနတ်သူငယ်တစ်ယောက်က၎င်းရှေးဟောင်းစွမ်းအင်ကိုယူလိုက်သည့်အချိန်အထိမည်သူတစ်ဦးတစ်ယောက်မှဘာမှမတတ်နိုင်ခဲ့ပေ။ >
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Viễn tưởngအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️