Chapter 147

76 10 0
                                    

Witira နှင့် Cale တို့အုပ်စုသည် Cale ၏တုံ့ပြန်ချက်၌လန့်ဖျပ်သွားကြ၏။ ထိတ်လန့်တကြားဖြစ်သွားခဲ့​သော Witira သည် Cale ဆီသို့​လျှောက်လာသည်။

"သခင်​လေး Cale ကသူတို့​တွေကို​မှောက်လှန်ချပစ်ဖို့?"

Rosalyn ကိုကြည့်ရသည်မှာ Cale ၏အကြံအစည်အားဖြစ်နိုင်​ချေရှိမရှိ​တွေး​တော​နေဟန်ရှိပြီး Choi Han က​​မူပါးစပ်အ​ဟောင်းသားဖြင့်​နေရာတွင်​​ကြောင်အမ်းစွာမတ်တပ်ကြီးရပ်လျက်ရှိသည်။

"Cale-nim တကယ်ပဲသူတို့​တွေကို​မှောက်ချပစ်မှာလား?"

​တောက်ပစွာပြုံးရယ်​နေသည့် Raon မှအပကျန်သူများအကုန်မှာထိတ်လန့်သွားကြပုံ​ပေါ် ​လေသည်။ Cale သည်သူတို့အားမှင်​သေ​သေဖြင့်သာပြန်​ဖြေခဲ့သည်။

"မဟုတ်ဘူး...အင်း​လေ...​ပြောရမယ်ဆိုရင်"

သူ၏တည်ကြည်လှ​သော​လေသံမှာ​တောအုပ်ထဲ၌ပဲ့တင်ထပ်သွားသည်။

"သူတို့စီးလာတဲ့သင်္ဘော​တွေကို ငါတို့ကနည်းနည်း​လောက်လှုပ်ရမ်း​​ပေးလိုက်မယ်ဆိုရင် ဒင်း​တို့တွေ​ဒီကမ္ဘာက​နေပြီး​ အေး​ဆေးသက်သာထွက်သွားနိုင်ကြ​လောက်မယ်လို့ ငါစဥ်းစား​နေတာ...ငါတို့ရဲ့လက်​တွေကိုမညစ်ပတ်​စေဘဲနဲ့ သူတို့​တွေကို ဘဝကူး​ကောင်း​အောင်ပို့​ဆောင်​ပေးလိုက်နိုင်ရင်​ ကောင်းတာပဲမလား?"

နတ်ဆရာ​နောက်၌ရပ်​နေကြ​သော ကျားမျိုးနွယ်စုဝင်စစ်သည်​တော်များ​တောင်မှအနည်းငယ်မျှတွန့်ခနဲဖြစ်သွားခဲ့ကြကာ Cale အားစိုက်ကြည့်လေသည်။

Cale အ​ကြောင်းအား Witira ကသူတို့ကို​ပြောကြားထားပြီးဖြစ်​သော်လည်း Cale ​နောက်ရှိရယ်ပြုံး​နေ​သောနဂါးကသူတို့အားပိုလို့ပင်တုန်လှုပ်​စေခဲ့သည်။

Cale သည်နတ်ဆရာ၏အဖြူ​ရောင်မျက်လုံးများနှင့် သူ့အားစိုက်ကြည့်​နေကြ​သောကျားမျိုးနွယ်စုဝင်စစ်သည်​တော်များဘက်သို့ ကြို့တို့အန်းတမ်းနိုင်စွာပြုံးပြမိသည်။ ထို့​နောက် ရင်းနှီး​သောအသံတစ်ခု သူ့​နောက်နားမှထွက်လို့လာတာကို Cale ကြားလိုက်ရ၏။

"ဟိုး"

ထိုသူမှာ Ron ဖြစ်၏။

"သခင်​လေး...ဒီနတ်ဆရာကြီးကိုကြည့်ရတာတကယ်စိတ်ဝိညာဥ်အား​ကောင်းတဲ့ပုံပဲ...သူကသခင်​လေးရဲ့အ​တွေး​တွေကိုမှန်းဆနိုင်တဲ့အပြင် အရင်တုန်းကသခင်​လေးအမိူက်သရိုက်လို​နေခဲ့ပြီး အကျင့်​ပြောင်းလာတာကို​တောင်မှသိ​​နေတယ်"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Donde viven las historias. Descúbrelo ahora