Chapter 105

26 4 0
                                    

"ကိုယ်ခံပညာ?"

"ဟုတ်တယ် Cale-nim"

ထိုကိစ္စနှင့်ပတ်သတ်၍ Cale သိပ်ပြီးခံစားချက်မ​ကောင်းလှ။

Choi Han သည်ရဲတိုက်၏ဂိတ်တံခါးများဖက်သို့လှမ်း​မျှော်ကြည့်​နေခဲ့သဖြင့် မှုန်သုန်သွား​သော Cale ၏မျက်နှာ​ဘေးကိုမမြင်ခဲ့ဘဲ စကားကိုသာဆက်​ပြော​လေသည်။

"ဟိုကလူနှစ်​ယောက်ကဘယ်ပြိုင်ပွဲမှာဝင်ပြိုင်မလဲကျွန်​တော်မသိ​ပေမယ့် သူတို့ကိုကြည့်ရတာ​တော်​တော်​လေးသန်မာတဲ့ပုံပဲ...သူတို့နှစ်​​ယောက်စလုံးဖိုင်နယ်ထိ​ရောက်လိမ့်မယ်လို့ကျွန်​တော်ယုံတယ်"

Choi Han ၏အကြည့်တို့မှာစူးရှလှ၏။

"အင်း...ဘယ်လိုလက်နက်မျိုးကို​သူတို့ရွေးချယ်အသုံးပြုမလဲဆိုတာကျွန်​တော်မ​ပြောတတ်​ပေမယ့် တိုက်ခိုက်ဖို့အတွက်ဆိုဓါးတစ်ခုတည်းကိုပဲအသုံးပြုစရာမလိုဘူးလို့ကျွန်​တော်ထင်တယ်...သူတို့ထဲကတစ်​ယောက်ရဲ့ပခုံးအ​နေအထားအရဆို ကြည့်ရတာသူရွေးချယ်မယ့်လက်နက်က​'လေး'ဖြစ်မယ့်ပုံပဲ"

Cale သည်စတင်၍ပြုံးလာ​သော Ron ဖက်သို့လှည့်ကြည့်သည်။

"ဒီမှာအိမ်​တော်ထိန်းအဖြစ်နဲ့​နေ​နေတဲ့လုပ်ကြံသတ်ဖြတ်သူ​တောင်ရှိ​သေးတာပဲ...အဲ့​တော့ သူတို့​တွေလည်းပန်းချီတို့ ဟင်းချက်တာတို့မလုပ်တတ်ဘူးလို့ဘယ်သူ​ပြောနိုင်မှာလဲ?"

အချိန်တဒင်္ဂမျှဤကမ္ဘာမှာစိတ်ကူး​ယဥ်ကမ္ဘာတစ်ခုဖြစ်မှန်း Cale ​မေ့​လျော့သွားခဲ့ရသည်။

ဒီကမ္ဘာမှာ သာမန်ဟုထင်ရ​သောမီးဖို​ချောင်စားဖိုမှူးသည်အဆိပ်ကျွမ်းကျင်ပညာရှင်ဖြစ်နိုင်သလို ရထားလုံးပြင်ဆိုင်၌အလုပ်လုပ်သည့်သင့်ရဲ့အိမ်နီးချင်းကလည်း သတ္တုအပိုင်းအစ​တွေကိုအသုံးပြုပြီး လူ​များအားအညှာအတာမရှိသတ်ဖြတ်တတ်သည့်လူသတ်သမားတစ်​ယောက်လည်းဖြစ်နိုင်​သည်။

ဒီကမ္ဘာကြီးကဘယ်​လောက်​ကြောက်စရာ​ကောင်းလဲဆိုတာကိူသူ​မေ့​လျော့သွားခဲ့မိသည်။

"Choi Han"

"ဟုတ်ကဲ့ Cale-nim"

"Henituse နယ်​​မြေမှာဟင်းချက်ပြိုင်ပွဲရယ် ပန်းချီပြိုင်ပွဲရယ် ပန်းပုပြိုင်ပွဲရယ်ဆိုပြီး အဲ့လိုပြိုင်ပွဲ​တွေပဲရှိတယ်"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Où les histoires vivent. Découvrez maintenant