Chapter 104

28 4 0
                                    

"ဟူးမန်း မင်းက​ပျော်ပွဲရွှင်ပွဲကိုပါလျစ်လျူရှုမှာလား?"

Raon သည် Cale အားစိုက်ကြည့်သည်။ On Hong သည်လည်းပဲသူ့အားတူညီ​သောမျက်နှာထားမျိုးဖြင့်​မော့ကြည့်​နေကြသည်။ Cale သည်ပြုံးစိစိလုပ်​နေကြ​သောက​လေးသုံး​​ယောက်အုပ်စုအားလှည့်ပင်မကြည့်ခဲ့ဘဲ Ron ကိုသာဆက်၍စကား​ပြောသည်။

"​နောက်နှစ်ရက်​နေရင်ငါအိမ်ကိုပြန်မယ်"

"​ကောင်းပါပြီ သခင်​လေး...က​လေး​တွေကို​ပျော်ပွဲရွှင်ပွဲဆီ​ခေါ် သွားချင်ရင် သခင်​လေးမြန်မြန်​တော့သွားဖို့လိုမယ်​နော်"

"အပို​တွေ​လျှောက်မ​ပြောဘဲ သွားပြီးမစ္စ Rosalyn ကိုသာ​ခေါ် လာခဲ့"

"ဟုတ်ကဲ့ သခင်​လေး"

အခန်းထဲမှထွက်သွားသည့် Ron ၏မျက်နှာ​ပေါ် တွင်နူးညံ့ပြီး​စနောက်သလိုမျိုးရှိသည့်အပြုံးတစ်ခုရှိ​နေ​​လေသည်။ Cale သည်ပြုံးရယ်​နေ​သောက​လေးအုပ်အားလျစ်လျူရှုလျက်အိပ်ယာ​ပေါ် မှထသည်။

"ဟူးမန်း...မင်းအခုထွက်သွားဖို့ပြင်​နေတာလား?"

"ငါတို့ဒီ​​နေ့မသွား​သေးဘူး​လေ"

"​ကောင်းပြီ​လေ! ငါတို့​တွေသွားကြ​တော့မယ်ဆိုတာကိုငါကျန်တဲ့လူ​တွေဆီသွားပြီးအသိ​ပေးလိုက်ဦးမယ်"

Raon ကပြတင်း​ပေါက်က​နေပျံထွက်သွား​တော့ On Hong ကလည်းအ​နောက်က​နေခုန်​ပေါက်၍လိုက်ကြသည်။ က​လေးသုံး​​ယောက်မှာအလင်းမဲ့​တောအုပ်ဆီသို့ဦးတည်သွား​နေတာဖြစ်သည်။ Cale သည်သူတို့​​ဘာ​တွေလုပ်​နေကြလဲဆိုသည်အားဂရုမစိုက်ခဲ့။

သိပ်မကြာ Rosalyn ​ရောက်ချလာပြီး Cale သည် Rosalyn အားအကျိုးအ​ကြောင်း​ပြောပြသည်။

သူသည် Breck တိုင်းပြည်မှမင်းသားတစ်ပါးကဘယ်လိုမျိုး Alberu ဆီသူမအ​ကြောင်း​မေးမြန်းခဲ့​ကြောင်းနှင့် ထို့​နောက်သူတို့သည် သူ့အ​ကြောင်းပါ​မေးခဲ့​ကြောင်းက​နေအစချီ​ပြောသည်။ သည့်​နောက် Alberu သည်ယင်းမင်းသားနှင့်အတူပြန်လာ​နေပြီဖြစ်​ကြောင်း Rosalyn အားသူ​ပြောပြသည်။

"မစ္စ Rosalyn ကိုကျွန်​တော်လာခိုင်းရတာကဒီသတင်း​အ​ကြောင်းကိုမစ္စနဲ့ကျွန်​တော်မျှ​ဝေလို့ရ​အောင်ပါ"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Donde viven las historias. Descúbrelo ahora