ကျိန်းသေပေါက်ကို Cale မှာနေရာတွင်တရိုသေထိုင်၍ မျိုးရိုးမြင့်တစ်ယောက်နှင့်သင့်လျော်သောပုံစံဖြင့်ကွတ်ကီးစားနေလျက်ရှိသည်။
[ကွတ်ကီးစားသံများ]
ထုံးတမ်းကျင့်ဝတ်နှင့်အညီ Cale မှာကွတ်ကီးအားဖြစ်နိုင်သမျှတိုးတိုးတိတ်တိတ်စားလို့နေပေမယ့် တကျွတ်ကျွတ်ဝါးစားသောအသံများမှာအခန်းတွင်းတောက်လျှောက်ကြားလို့ရနိုင်သေးသည်။
• "ဟူးမန်း ကွတ်ကီးကအရသာရှိလား?"
Raon ၏တံတွေးမြိုချသံသူ့နောက်မှထွက်ပေါ် လာသည်ကို Cale ကြားလိုက်ရ၏။
"အရှင့်သား...အရှင့်သားလိုအပ်တာတစ်ခုခုများရှိလို့လား?"
"မ-မရှိဘူး မရှိဘူး"
အငိုသန်သူလေးယောက်မြောက်မင်းသား Pen မှာ Cale ဆီမှအလျင်အမြန်ရှောင်လွှဲသွား၏။
Roan တိုင်းပြည်မှအိမ်ရှေ့စံမင်းသားဖြစ်သော Alberu Crossman သည်သူ့အား Cale မှာ'အရည်အချင်းပြည့်ဝပြီးရိုသေလေးစားမှု'ရှိသောပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်းပြောကြားခဲ့သည်။
'Cale Henituse ကတိုင်းပြည်ရဲ့ရတနာတစ်ပါးဖြစ်လာနိုင်ချေရှိတဲ့ပုဂ္ဂိုလ်တစ်ဦးလို့ကျွန်တော်ယုံကြည်ထားပါတယ်'
မည်သို့ပင်ဆိုစေကာမူ ထိုသည်က Breck တိုင်းပြည်၏ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့ဖူးသောသူ့အစ်မတော်အားခစားဖို့ရာမလုံလောက်သေးဟူ၍ Pen တွေးခဲ့သည်။
Pen သူ့ကိုစစတွေ့ ချင်းတုန်းက Cale ကိုကြည့်ရသည်မှာမနည်းရုန်းကန်နေရသောမျိုးရိုးမြင့်တစ်ယောက်နှင့်တူချေသည်။ လောလောဆယ် Henituse နယ်မြေ၏အခြေအနေမှာလည်းကြည့်ရဆိုးလှသည် အဓိကအကြောင်းရင်းကတော့သူတို့၏ရဲတိုက် နှင့် ရဲတိုက်အုတ်တံတိုင်းများအားပြုပြင်မွမ်းမံနေ၍ဖြစ်လောက်သည်။
'ဒါပေမယ့်ဒါကဘာလဲ?'
Cale နှင့် Rosalyn ကြားမှဆက်ဆံရေးမှာသူထင်မှတ်ထားသည်နှင့်ကွဲပြားမှန်း Pen ချက်ချင်းဆိုသလိုသတိပြုမိခဲ့သည်။ Rosalyn နှင့် Cale ကိုကြည့်ရသည်မှာအဆင့်အတန်းအတူတူလိုပင်။
VOCÊ ESTÁ LENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasiaအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️