အခန်း (၁၂၆): တကယ်စိတ်သဘောထားကောင်းတဲ့သူ
Words Count:
UNICODE
မည်သူမဆိုသူတို့အားသက်တော်စောင့်တစ်ယောက်၊ အစေခံတို့နှင့်အတူ ခရီးထွက်လာသည့်သာမန်မျိုးရိုးမြင့်သခင်လေးတစ်ယောက်ဟုသာထင်မှတ်ကြမှာပင်။
'မဟုတ်ရင်တောင်ဒီအဖွဲ့ ကနဂိုတည်းကအဲ့လိုပဲဟာ'
သူမေ့လျော့သွားခဲ့ရသောယင်းအချက်အကြောင်းအား Cale သည်ပြန်စဥ်းစားမိရင်းရွှေအိုရောင်ဆံပင်တို့ရှိအမျိုးသားငယ်အားပြုံးပြခဲ့သည်။
သို့သော်လည်းကိစ္စများမှာသူထင်ထားသလိုမဖြစ်လာခဲ့ပါပေ။
'ဘာလား?'
ထိုအမျိုးသားမှာ Cale အားပိုလို့ပင်သတိတကြီးဖြစ်လာ၏။
Ron အားစိုက်ကြည့်နေသည့်သူ၏မျက်လုံးသူငယ်အိမ်မှာအနည်းငယ်တုန်ယင်နေ၏။ ယင်းအမျိုးသားငယ်မှာ Ron ၏ဘယ်ဖက်လက်မောင်းအားစိုက်ကြည့်နေတာဖြစ်သည်။
Ron ၏ဘယ်ဖက်လက်မောင်းဆိုသည်မှာအသက်သွင်းသူ Mary ဖန်တီးပြုလုပ်ပေးထားသည့်လက်ဖြစ်ချေသည်။
ပုံမှန်အတိုင်း Ron မှာရှပ်အကျီလက်ရှည်နှင့် လက်အိတ်အမည်းကိုဝတ်ဆင်ထားတာကြောင့်သိပ်မမြင်နေရသော်လည်း ရွှေအိုရောင်ဆံပင်တို့ရှိအမျိုးသားမှာယင်းဖုံးကာထားသောဘယ်ဖက်လက်မောင်းအားစိုက်ကြည့်နေသေးလေသည်။
သူ၏မျက်နှာမှာမရေမရာဖြစ်မှု၊ သတိတကြီးဖြစ်မှု နှင့် စိုးထိတ်နေမှုတို့အကုန်ရောယှက်နေသောအမူအရာရှိနေလေသည်။
မသိလျှင်သူမှာထိုလက်မောင်းမှာအတုအယောင်ဖြစ်ပြီးအမှောင်ထုနှီးနွှယ်မှုမှပြုလုပ်ထားကြောင်းကိုသိနေသည့်အတိုင်းပင်။
ထိုအမျိုးသားအတွက် ယင်းအားအမှောင်ထုဖြင့်ဆက်စပ်နေသောအရာဖြစ်မှန်းအတည်ပြုရန်တစ်ချက်ကြည့်လိုက်ရုံနှင့်လုံလောက်သည်။
'...အို?'
Cale မှာသံသယဝင်မိသွားသည်။
သူ၏အကြည့်တို့သည်ရွှေအိုရောင်ဆံပင်တို့ရှိအမျိုးသားနှင့် အမျိုးသမီးတို့ဆီကျရောက်သွားသည်။ သူတို့မှာသိပ်မဆင်လှသော်လည်း တစ်ချိန်တည်းမှာပင်ထူးထူးဆန်းဆန်းမောင်နှမနှစ်ယောက်အလားထင်မြင်ရသည်။
ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasíaအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️