တက်ကြွနေသည့်အနက်ရောင်နဂါးလေးနှင့်ယှဥ်လျှင် ရွှေနဂါးကြီးမှာသူလိုချင်သောအဖြေကိုရခဲ့သော်လည်းမရေမရာခံစားချက်တို့ခံစားရနေမိခဲ့သည်။
"ငါ့က်ိုအကုန်သင်ပေး! ငါ့ကိုမင်းသိသမျှအကုန်သင်ပေး!"
စိတ်လှုပ်ရှားတက်ကြွနေသော Raon အားစိုက်ကြည့်ရင်း Eruhaben သည်တိတ်တိတ်လေးပြန်ဖြေ၏။
"...ငါအဲ့လိုပဲလုပ်သွားဖို့စီစဥ်ထားပါတယ်"
"ကောင်းတဲ့အကြံပဲ! မင်းလည်းသဘောတူတယ်မဟုတ်လား အားနည်းတဲ့ဟူးမန်း?"
"အင်း အင်း"
Eruhaben မှာနှစ်ပေါင်းတစ်ထောင်နီးနီးနေထိုင်ခဲ့သည်ဖြစ်သော်လည်း သူသည်အခုကဲ့သို့ ခေါင်းကိုတငြိမ့်ငြိမ့်လုပ်နေသောလူသားတစ်ယောက်နှင့် အတောင်ပံအားတဖျပ်ဖျပ်ခတ်နေသောနဂါးတို့အတွဲမျိုးအားတစ်ခါမှမတွေ့ ဖူးပါပေ။
'ငါဆုံးဖြတ်လိုက်တာမှန်ရောမှန်ရဲ့လား?'
သူသည်အချိန်ခဏမျှမေးခွန်းထုတ်မိသော်လည်း သူ့၌အချိန်သိပ်မရှိတော့သည့်အတွက်ကြောင့်မို့ကိုယ့်ကိုကိုယ်မရေမရာဖြစ်နေရာကနေလျင်မြန်စွာရပ်တန့်ခဲ့သည်။ ဤသည်မှာလည်းရေစက်သာဖြစ်ရမည်။ သူ၏နေဝင်ချိန်နှစ်၌ငယ်ရွယ်သောနဂါးလေးတစ်ကောင်နှင့်သူဆုံတွေ့ ခဲ့ရပြီး ထို့အပြင် ယင်းနဂါးလေးမှာတခြားပုံမှန်နဂါးများလိုမဟုတ်ပါပေ။ ဤသည်မှရေစက်မဟုတ်လျှင် ဘာများဖြစ်နိုင်မှာပါလဲ?
အခုကဲ့သို့သောထူးဆန်းလှသည့်အခြေအနေမျိုးအားသူတစ်ခါမှမမျှော်မှန်းမိသည့်အကြောင်းကိုတွေးရင်း Eruhaben သည်စတင်ရယ်မောခဲ့သည်။
"သိပ်မကြာခင်ငါလည်းသေတော့မှာဆိုတော့ တစ်ခါတည်းအကုန်လွှဲပေးခဲ့တာပေါ့"
ထိုသို့ပြောနေရင်း Eruhaben မှာရယ်မောနေသော်လည်းတိတ်ဆိတ်မှုတို့မှာလျင်မြန်စွာပင်ပြည့်နှက်သွား၏။ သို့သော် Eruhaben သည်သူ့အပေါ် သို့ကျရောက်နေသောအကြည့်တို့အားခံစားခဲ့ရမိသည်။
BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Viễn tưởngအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️