"Mary ကိုယ်နဲ့မသိတဲ့လူတွေရှေ့မှာအဲ့လိုမလုပ်ရဘူးလေ! ဟား~"
Tasha သည်သက်ပြင်းတစ်ချက်ကိုချကာ Mary ၏လက်ကိုလှမ်းကိုင်သည်။ ထို့နောက် သူမသည်အနက်ရောင်မျဥ်းကြောင်းတို့ကိုဖုံးကာပေးဖို့ရာအတွက် ဝတ်ရုံရှည်အားဂရုတစိုက်ဖြင့်ဆွဲချပေးခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူမသည် Cale Choi Han တို့နှစ်ယောက်၏မျက်နှာအမူအရာအားအကဲခတ်နေခဲ့သည်။ Tasha သည် Mary ၏လက်အားတင်းကြပ်စွာဆုပ်ကိုင်ထားရင်း-
"ဒါကလေ-"
Tasha မှာသူမ၏စိုးရိမ်ပူပန်မှုအားမဖုံးကွယ်နိုင်ရ။ မဟုတ်သေး သူမမှာ Raon ကိုယ်ထင်ပြခဲ့တဲ့အချိန်တည်းကထိတ်လန့်သွားတဲ့အခြေအနေတွင်ရှိနေခဲ့တာဖြစ်ပေမယ့် အခုကတော့ထိတ်လန့်သွားတယ်ဆိုသည်ထက် သောကရောက်နေသည့်ပုံပေါ် သည်။
"Tasha"
Cale သည် Tasha ၏မျက်လုံးအားတည့်တည့်စိုက်ကြည့်ကာ သူမအားဖြေဖျန်သည်။
"ကျွန်တော့်မှာဘယ်သူကိုမှပြောပြမယ့်အစီမရှိတာမို့မစိုးရိမ်ပါနဲ့...ကျွန်တော်တို့တွေအားလုံးကတစ်လှေတည်းသားတွေဖြစ်နေပြီးသားဟာ"
အသံတစ်ချက်မထွက်ဘဲအကြိမ်ကြိမ်အခါခါပိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့သည့်သူမ၏ပါးစပ်အား Tasha သည်နောက်ဆုံးတော့ပိတ်လိုက်ခဲ့သည်။ ထို့နောက် Alberu တစ်ယောက်ပြောပြခဲ့သည့် Cale ၏အကြောင်းအားသူမသတိရမိသွားသည်။
'အန်တီ သူကလေရိုင်းတယ်ဆိုပေမယ့် ကိုယ့်စကားကိုတကယ်တည်ပါတယ်...ကျွန်တော်သူ့ကိုမယုံဘူး ဒါပေမယ့် အနည်းဆုံးအဲ့ချီးထုပ်ကောင်ပေါ် ကျွန်တော်အားကိုးလို့ရတယ်'
အဆုံးတွင်တော့ တိုက်ရိုက်မပြောခဲ့သော်ညား Alberu သည် Cale အားယုံကြည်သည်ဟုဆိုလိုခဲ့လေသည်။ သူမ Cale နှင့်ကြာကြာပြောဆိုဆက်ဆံလေ Alberu အားသူမသဘောတူလာရပါတော့သည်။
ထိုစဥ် Mary ကစပြောသည်။
"ကျွန်မလည်းပဲနဂါးမင်းအကြောင်းထုတ်မပြောပါဘူး...ဒြပ်စင်ရဲ့ကျမ်းသစ္စာကိုကျွန်မမကျိန်နိုင်ဘူးဆိုတော့ အဲ့အစား ကျွန်မရဲ့အသက်နဲ့ပဲကတိပေးပါ့မယ်"
STAI LEGGENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasyအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️