Epilogue

2.2K 14 1
                                    

တိုက်အမြင့်ပေါ်မှ လူတစ်ယောက် ခုန်ချရန် ပြင်ဆင်နေသည်။

သူ့မျက်နှာပေါ်မှာ အသက်ရှင်ချင်လိုစိတ် အရိပ်အရောင် မတွေ့ရပါ။

မျှော်လင့်ချက်မဲ့၊ အနာဂါတ်မဲ့။

အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို အစကတည်းက ချစ်ခဲ့တာမဟုတ်ဘဲ ချစ်ချင်ယောင်ဆောင်ခဲ့သည်ကို သိလိုက်ရတော့ သံယောဇဉ်အမျှင်လေးတွေက သစ်စိမ်းချိုး ချိုးခံရသလိုနှယ်။

ဆတ်ခနဲ့ ပြတ်ထွက်သွားလေပြီ။

လူရယ်လို့ ဖြစ်လာကတည်းက ပျော်စရာဆိုလို့လည်း မရှိခဲ့ပါ။

အချစ်နဲ့တွေ့တော့ လှုပ်ခတ်သွားရသည့် အသည်းနှလုံးက တဆတ်ဆတ်ခုန်ပေါက်ပြီး ပေါက်ထွက်မတတ်လှိုက်ဖိုမှုမျိုး ခံစားခဲ့ရဖူးပါပြီ။

သို့သော်လည်း ချစ်ဖူးခဲ့သမျှက အတုအယောင်မှန်းသိလိုက်သည့်အခါ အသက်ရှင်ရန်ဆန္ဒရယ်လို့ မရှိတော့ပါ။

သူ မျက်လုံးမှိတ်လိုက်သည်။

မျက်ဝန်းထောင့်မှာ တွဲလွဲခိုနေသော မျက်ရည်တွေက ပါးပြင်ပေါ်သို့ စီးကျ၏။

ပျော်ရွှင်ခဲ့ဖူးသည့် အဖြစ်အပျက်တွေက အာရုံထဲ စီစီရီရီပေါ်လာသည်။

တော်ပါပြီ။

ဒီဘဝ ဒီမျှနဲ့ ပြီးပါစေတော့။

နောင်ဘဝသံသယအဆက်ဆက်မှာလည်း အခုလိုအဖြစ်မျိုးနှင့် ထပ်မကြုံချင်တော့ပါ။

ခြေတစ်လှမ်း ရှေ့သို့တိုးလိုက်တော့ အသည်းထဲ လှပ်ခနဲ့ ဖြစ်သွားသည်။

သေဖို့ ကြောက်သွားတာလား။

မကြောက်ပါ။

မာန်တစ်ချက်ပြန်သွင်းကာ နောက်ဆုံးအကြိမ် အသက်ဝဝ ရှူလိုက်သည်။

ပြီးနောက် ခုန်ချလိုက်တော့သည်။

"ဝုန်း"



သံမံတလင်းပြားနှင့် ခေါင်းနှင့် ဆောင့်မိကာ သွေးတွေ အိုင်ထွန်းလာသည်။

တမဟုတ်ချင်း မှောက်လျက်ကျနေသော သူ့ကိုယ်လုံးနံဘေး သွေးပင်လယ်ကြီးကဲ့သို့ အိုင်ထွန်းသွားလေပြီ။

အသံကြားသဖြင့် အိမ်ထဲမှ တစုံတယောက်ထွက်လာကာ ဤအနိဋ္ဌာရုံမြင်ကွင်းကိုမြင်ပြီးနောက် အော်ဟစ်လိုက်မိ၏။

"အမယ်လေး......သေပါပြီ"

(Wattpad မှာတော့ လကုန်မှ စတင်ပေးပါမယ်။ Telegram Private Channel မှာတော့ မနက်ဖြန်ကစပြီး အပိုင်း(၁)ရပါမယ်။ တစ်နေ့တစ်ပိုင်း (or) နှစ်ရက်တစ်ပိုင်းနှုန်းနဲ့ တင်ပေးမှာပါ။ Group ဝင်မယ်ဆို (၅၀၀၀)ကျပ် ကျသင့်ပါမယ်။ Telegram မှာ @Niko_Soe ဆိုပြီးရှာနိုင်သလို Profile မှာလည်း Group link လေး တင်ပေးထားပါတယ်။)

ရမ္မက်စီးချင်းWhere stories live. Discover now