အပိုင်း(၇)

932 7 0
                                    

ကြွယ် လန့်လွန်းလှသဖြင့် ပါးစပ်က အော်ထုတ်မိမတတ်ဖြစ်သွားရသည်။

အချိန်မှီလေး ကိုယ့်ပါးစပ်ကို ကိုယ် ဘရိတ်အုပ်လိုက်ရသည်။

ခေါင်းပေါ်က ရှိရှိသမျှ ဆံပင်မွှေးတွေအကုန် ထောင်သွားသလားဟုတောင် အောက်မေ့ရသည်။

သို့သော် ကြွယ် ခပ်တည်တည်ဖိန့်လိုက်၏။

"ဘာလဲ....နွယ်ရဲ့"

"နွယ် တရေးနိုးကတည်းက မမ ကို မတွေ့ရဘူးဖြစ်နေတာ။ မမ ဘယ်ကို သွားနေတာလဲ"

"ဟယ်....ဒီကောင်မလေး အိပ်ချင်မူးတူးနဲ့ ဘာတွေ ပေါက်ပေါက်ရှာရှာပြောနေတာလဲ။ ငါက ဘယ်သွားရမှာလဲ...နွယ်ရဲ့။ သေးပေါက်ချင်လာလို့ အိမ်သာထသွားတာပဲ ရှိတာ"

"ဟင်....ဟုတ်လို့လား...မမရဲ့"

"ဟဲ့....အိပ်စရာရှိတာ အိပ်တော့။ ငါတို့ တိုးတိုး..တိုးတိုးနဲ့ ပြောနေလို့ အမေနိုးသွားမှ ဒုက္ခရောက်နေမယ်။ ဒီကောင်မလေး ဘာတွေ ပြောနေမှန်း မသိပါဘူးအေ"

နွယ် နိုးကတည်းက မမ ကို လုံးဝမမြင်ပါ။

လွန်ရော ကျွံရော နာရီဝက် ရှိရော့မည်။

အခုမှ အခန်းထဲ မမ ဝင်လာခြင်းဖြစ်၏။

မမဖက်ကတော့ နွယ် အိပ်ချင်မူးတူးနှင့် လျှောက်ပြောနေသည်ဟု ဆိုလေသည်။

ရှိပါစေတော့။

ခဏက လန့်နိုးလာသည့် အကယ်ဒမီဆုယူနေသော အိပ်မက်လေး ထပ်မက်ရင် သိပ်ကောင်းမှာပဲ။

အခုမှ အပျိုပေါက်စနလေး အရွယ်သာဆိုတော့ ခေါင်းနှင့် ခေါင်းအုံးထိမိလိုက်သည်နှင့် တုံးကနဲ့ ပြန်အိပ်ပျော်သွားလေသည်။

ညဉ့်အမှောင်ယံမှာ လူးလူးလိမ့်လိမ့်ဖြင့် တော်တော်ကြာသည်အထိ အိပ်မပျော်နိုင်ဘဲ ဖြစ်နေရသည်က ကြွယ်။

ဦးစိုးသွင်နှင့် ချိန်းတွေ့ခဲ့ရခြင်း အပေါ် ပြန်တွေးမိသည့်အခါ နှလုံးသားမှာ ပန်းပေါင်းစုံ ဖူးပွင့်နေသည်၊

ယိုဖိတ်ခဲ့သည့် မိမိသဒ္ဓါက အလွန်များ ကျွံသွားပြီလားဟု မချိတင်ကဲ ဖြစ်ရသည်။

ရမ္မက်စီးချင်းWhere stories live. Discover now