"အခု ကြေငြာပေးမှာကတော့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ပါရှင့်။ ဆုကြေငြာပေးပါရန် အကယ်ဒမီ ငွေနှင်းစန္ဒာ ကို ဖိတ်ခေါ်အပ်ပါသည်ရှင်"
နွယ် ရင်တွေ တလှပ်လှပ်တုန်လာပြီ။
စင်မြင့်ပေါ်ရှိ LED အပြားပေါ်မှာ စကာတင်စာရင်းဝင်(၅)ယောက်ကို ပြသထားသည့်အထဲ နွယ် ပါ ပါနေသည်ပဲ။
"(၂၀..)ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ကတော့.........."
စာအိတ်ဖောက်ဖတ်ပြီး ကြေငြာပေးနေမည့် မင်းသမီးက နာမည်ကို ဆက်မကြေငြာသေးဘဲ ရပ်လိုက်သည်။
ပွဲခင်းလာဧည့်ပရိသတ်တွေအကုန်လုံးကလည်း တိတ်ဆိတ်ငြိမ်သက်လျက်။
စလိုက်မီးတွေအကုန် အမှောင်ချလိုက်ထားလိုက်သည်။
နွယ် နံဘေးမှာတော့ မီဒီယာသမားအချို့ နွယ်ကို ဓာတ်ပုံရိုက်နေမှန်းတော့ နွယ်သိသည်။
နွယ် မျက်လုံးသာမှိတ်ပြီး စိတ်ထဲပေါ်သည့် ဘုရားစာကိုသာ ရွတ်မိရွတ်ရာ ရွတ်နေမိသည်။
ခြေလက်တွေအကုန် တုန်ရီအေးစက်နေလေပြီ။
မျက်စ်စုံမှတ်ကာ အသံလားရာဆီကိုသာ အာရုံစိုက်နေမိသည်။
"အဟင်း.....ဟင်း.....။ အကုန်လုံးလည်း သိချင်နေကြပြီပေါ့။ ကြေငြာပေးပါတော့မယ်ရှင်။ အကောင်းဆုံး မင်းသမီး ဇာတ်ဆောင်ဆုရှင်ကတော့......မင်းသမီးလေး လှလှနွယ် ဖြစ်ပါတယ်ရှင်"
ဟင်။
ငါ့နာမည်ပါလား။
ငါလား။
ဆုရသွားတဲ့သူက ငါလား။
တစ်ခန်းလုံးအမှောင်ထဲရောက်နေပါသည်ဆိုမှ ထိန်းလင်းလွန်းနေသည့် မီးစလိုက်တွေက နွယ်ရှိရာနေရာသို့ ကျရောက်လာသည်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်ကွင်းက မီးရောင်အောက် ဘာမှမမြင်နိုင်တော့ဘဲ ပြာထွက်နေပါသည်။
ဘေးက လူအုပ်ကြီးက နွယ်ကို လာနှုတ်ဆက်ကြသည်။
ဖက်တဲ့သူကဖက်။
နမ်းတဲ့သူက နမ်း။
နွယ် ပျော်ရွှင်ဝမ်းနေမိသည်။
YOU ARE READING
ရမ္မက်စီးချင်း
Romanceသပွတ်အူလို ရှုပ်ထွေးပွေလီလှတဲ့ ဒီလူ့ဘဝကြီးမှာ ကိုယ်လိုချင်ခဲ့တာ စစ်မှန်တဲ့ချစ်ခြင်းတရားတစ်ခုတည်းပါ။