အပိုင်း(၁၂)

1K 7 0
                                    

"ဟိ.....ဟိ။ ကိုကိုရောက်နေတာလား"

"အင်းပေါ့။ ပေါက်ကလေးတို့ကို ကိုယ်တို့စောင့်နေတာ ကြာပြီ"

ဘာတွေလဲ။

မိပေါက်ရော၊ ယွန်းရော အမူအရာတွေက ဟန်လုပ်လွန်းနေသည်။

"ဒါက ဘယ်သူလဲ"

ကောင်လေး(၂)ယောက်ထဲမှ တစ်ယောက်က ကြွယ်ကို မေးသည်။

ယွန်းယွန်းကပဲ စတင်ကာ....

"ဒါ ယွန်းတို့ ရွာကသူငယ်ချင်းပါ ခေါ်လာတာ.....သူပါ လိုက်ချင်တယ်ဆိုလို့"

ကြွယ် စိတ်တိုသွားသည်။

ဒင်း မဟုတ်တမ်းတရားတွေ လျှောက်ပြောနေလေပြီ။

"ဟဲ့"

ကြွယ် စိတ်တိုတိုနဲ့ ပြောရန်ရှိသေးသည့်အခိုက်မှာ မိပေါက်က ကြွယ်လက်မောင်းကို တွဲကာ ဆက်မပြောရန် တားမြစ်သည်။

"ကြွယ်....ဒါ...ငါ့ကိုကိုလေ။ ဇွဲတဲ့။ ဟိုဖက်ကတော့ ယွန်းရဲ့ရည်းစား....ကိုခန့်တဲ့"

ကောင်လေး(၂)ယောက်စလုံးက မြို့သားစတိုင်တွေနှင့်။

သိပြီ။

ကြွယ် သိလိုက်ပြီ။

သူတို့ရည်းစားတွေနှင့် ချိန်းတွေ့ကြသည်ပဲ။

ဒီအတိုင်းဆို အိမ်ကထွက်လာရန် သိပ်အဆင်မပြေသဖြင့် ကြွယ်ကိုပါ အလိုတူ အလိုပါအနေဖြင့် ခေါ်လာသည်ပဲ။

တကယ်တော့ ဟိုနေ့ကတည်းက ကြွယ် ရိပ်မိလိုက်ဖို့ကောင်း၏။

အခုတော့ အတွဲတွေကြား မြေဇာပင် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။

မစူးစမ်း၊ မဆင်ခြင်မိတော့ အတွဲတွေကြား ကိုးလိုးကန့်လန့်ပါလာခဲ့ရပြီ။

"လာသွားမယ်လေ"

မိပေါက်နှင့် ယွန်းယွန်းတို့ (၂)ယောက်စလုံးက ဆိုင်ရာဆိုင်ရာ ကောင်လေးတွေ၏ လက်တွေကို တွဲလိုက်ကြသည်။

ကြွယ်တစ်ယောက်တည်းသာ ထီးထီးကြီး ကျန်ခဲ့ရရှာသည်။

မိပေါက်နံဘေးနား ကြွယ်ရပ်လိုက်ပြီး ဆန့်ငင်ဆန့်ငင်ဖြင့် လိုက်ပါလာရသည်။

ရမ္မက်စီးချင်းWhere stories live. Discover now